မုံရွာမြို့တော်ခန်းမ အများပြည်သူ ပြန်လည်အသုံးပြု ခွင့်ရ


မုံရွာ၊ဇူလိုင်-၃

နှစ်ပေါင်းများစွာ ဌာနဆိုင်ရာ အစည်းအဝေးများ အခမ်းအနားများကိုသာ ကျင်းပခွင့်ပြုခဲ့သော မုံရွာမြို့ တော်ခန်းမတွင် ယနေ့ညနေပိုင်းတွင် အများပြည်သူ တက်ရောက်နိုင်သည့် စာပေဟောပြောပွဲကိုပြန်လည် ကျင်းပခွင့်ရခဲ့သည်။

ယခင်အစိုးရ လက်ထက်က မြို့ခံများငှားရမ်း သုံးစွဲခွင့်မရဘဲ အစိုးရအဖွဲ့ပွဲများသာ ကျင်းပခွင့်ပြုခဲ့ရာမှ လက်ရှိအစိုးရလက်ထက်တွင် အများပြည်သူအား ပြန်လည်အသုံးပြုခွင့်ပေးခဲ့သည်။


မြို့တော်ခန်းမတွင် အများပြည်သူ ဘီပိုးကာကွယ်ဆေး ထိုးပွဲများ ယခုအခါစာပေဟောပြောပွဲများ ကျင်းပခွင့် ပြုခဲ့သည်။

မြို့တော်ခန်းမ အသုံးပြုခွင့်သည် စည်ပင်သာယာရေး ကော်မတီထံမှ တောင်းခံရခြင်း ဖြစ်သည်။

Monywa Gazette
https://www.facebook.com/chindwingazet/
မုံရွာမြို့တော်ခန်းမ အများပြည်သူ ပြန်လည်အသုံးပြု ခွင့်ရ မုံရွာမြို့တော်ခန်းမ အများပြည်သူ ပြန်လည်အသုံးပြု ခွင့်ရ Reviewed by THITHTOOLWIN on 20:15 Rating: 5
Powered by Blogger.