အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ဓာတ်ပုံကို ကရင်ပြည်နယ်က အစိုးရဌာန ဆိုင်ရာတွေနဲ့ စာသင်ကျောင်းတွေမှာ ချိတ်ဆွဲဖို့ ကရင်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်နေပါတယ်။
ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရထံ တင်ပြပြီး စီစဉ်နေတယ်လို့ မြဝတီမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင် က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်ပြည်နယ်လွှတ်တော်မှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို အစိုးရဌာန ဆိုင်ရာတွေနဲ့ စာသင်ခန်းတွေမှာ ချိတ်ဆွဲဖို့ အဆိုတင်သွင်းခဲ့ပြီး အဲဒီအဆိုကို တပ်မတော်သားတွေ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်အားလုံးက ထောက်ခံခဲ့ကြတဲ့အတွက် အတည်ပြုလိုက်ပါတယ်။
ကရင်ပြည်နယ်က အစိုးရဌာနဆိုင်ရာတွေနဲ့ စာသင်ကျောင်းတွေမှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို နှစ်ပေါင်း ၃၀ ကျော်အကြာမှာ ပထမဆုံး ပြန်လည်ချိတ်ဆွဲခွင့်ရမှာဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
ဗိုလ်ချုပ်ပုံကို အစိုးရဌာနတွေမှာ ချိတ်ဆွဲရမည်
Reviewed by THITHTOOLWIN
on
18:11
Rating: