![]() |
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ ၀တ်ပြုသည့် အဆောက်အဦးကို ဇူလိုင်လ ၁ ရက်နေ့က မီးရှို့ ဖျက်ဆီးထားသည်ကို တွေ့ရစဉ်။ Photo: Thurin Naymin/ Facebook |
ဝတ်ပြုဆောင် မီးရှို့ခံရပြီးနောက်ဆက်တွဲ မလိုလားအပ်တာတွေ မဖြစ်ရအောင် ဖားကန့်ဒေသ တည်ငြိမ် လုံခြုံရေးအတွက် ဒေသခံရပ်မိရပ်ဖတွေအပါအဝင် ဌာနဆိုင်ရာတွေနဲ့ သွားရောက် ညှိနှိုင်းဆောက်ရွက်တာဖြစ်တယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးအေးမောင်ကြည်က ပြောပါတယ်။
ကချင်ပြည်နယ် အိုလမာ သာသနာ့ပညာရှင်များအဖွဲ့ခွဲကလည်း နောက်ထပ်မဖြစ်ပွားစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ထံ စာတင်ပြဖို့ ညှိနှိုင်းနေကြပါတယ်။
ပြီးခဲ့တဲ့ အစိုးရလက်ထက်က လုံးခင်း-လယ်ပြင် ဥရုချောင်းကူးတံတားစီမံကိန်းမှာပါဝင်တဲ့ အစ္စလာမ် ဘာသာဝင် အင်ဂျင်နီယာတစ်ဦးက အစိုးရခွင့်ပြုချက်မရှိပဲ မူလဘာသာရေး အဆောက်အဦးငယ် တစ်ခုကို တိုက်ခံအဆောက်အဦးကြီးအဖြစ် တည်ဆောက်လိုက်တာလို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေက အဲ့ဒီအဆောက်အဦးအသစ်ကို ဖယ်ရှားပေးဖို့ အကြိမ်ကြိမ် တောင်းဆိုရာကနေ ပြီးခဲ့တဲ့ဇူလိုင်လ ၁ ရက်နေ့က ဖားကန့်ဒေသ မှာ ရေမဆေးကျောက်လာရောက်ရှာဖွေနေသူတွေ အများစုပါဝင်တဲ့ လူ ၁၅၀ လောက်က မီးရှို့ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။
လောလောဆယ် အခြေအနေတွေ တည်ငြိမ်နေပြီး ပြည်နယ်ရဲတပ်ဖွဲ့၊ ရဲအရံတပ်ရင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက လုံခြုံရေးရယူထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဝတ်ပြုဆောင် မီးရှို့ခံရမှု ကချင်ပြည်နယ်ဝန်ကြီး စစ်ဆေး
Reviewed by THITHTOOLWIN
on
19:41
Rating:
