မိုးသောက်ရောင်နီ ခရီးသည်တင်ယာဉ် တောင်ကျ ချောင်းရေကြောင့် ခရီးသည်များနဲ့ အတူ ချောင်းထဲမျောပါ

ဓါတ်ပုံ - ဖန်ခါးသီး

ဇူလိုင်လ (၂၀)ရက်နေ့ ယနေ့ ည (၈)နာရီခန့် က ‎မကွေးမြို့‬ နယ် ဖိုလေးလုံးကျေးရွာအနီးမှာ မိုးသောက်ရောင်နီ အမြန်ယာဉ်သည် တောင်ကျချောင်းရေကြောင့် ရေကျော်နေသည့် စလေချောင်းအား ဖြတ်ကူးစဉ် ခရီးသည်များနှင့်အတူ တိမ်းမှောက် မျောပါသွားကြောင်း သိရသည်။


 အဆိုပါ ဖြစ်ပွားရာနေရာသို့ မနောဖြူ အဖွဲ့၊ ရှင်သန် အဖွဲ့ နှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်း များ ဆောင်ရွက် လျက်ရှိရာ ည ၉ နာရီ ၄၀ မိနစ် အချိန်တွင် ကားပေါ်တွင် လိုက်ပါ လာသည့် ခရီးသည် ၁၂ ဦးအား အန္တရာယ်ကင်းရှင်းစွာ ကယ်ဆယ် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

by သစ်ထူးလွင်


မိုးသောက်ရောင်နီ ခရီးသည်တင်ယာဉ် တောင်ကျ ချောင်းရေကြောင့် ခရီးသည်များနဲ့ အတူ ချောင်းထဲမျောပါ  မိုးသောက်ရောင်နီ ခရီးသည်တင်ယာဉ် တောင်ကျ ချောင်းရေကြောင့် ခရီးသည်များနဲ့ အတူ ချောင်းထဲမျောပါ Reviewed by THITHTOOLWIN on 08:00 Rating: 5
Powered by Blogger.