ကူးစက်မြန် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ မပြန့်ပွားရေးဆောင်ရွက်


ပြည် ဇူလိုင် ၂၅

ပြည်မြို့ ၌ဖြစ်ပွားလျက်ရှိသော ကူးစက်မြန် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဆက်လက်မပြန့်ပွားရေးနှင့် ထိန်းချုပ်နိုင် ရေးအတွက် တာဝန်ရှိသူများက နယ်မြေခံ တပ်မတော်သားများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ပြည်သူ့ကျန်းမာရေးကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရောဂါဖြစ်ပွားရာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ သောက်သုံးရေများ အတွင်း ကလိုရင်းဆေးခတ်ခြင်း၊ ရေဝပ် သောနေရာများနှင့် မသန့်ရှင်းသောနေရာ များအား ထုံးကြမ်းများပက်ခြင်း၊ ပိုးသတ် ဆေးများဖျန်းခြင်း၊ ယာယီဆေးခန်း များဖွင့်လှစ်ကာ ဆေးဝါးကုသပေးခြင်း တို့ကို ခရိုင်ကျန်းမာရေးဦးစီးဌာနနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ နေ့စဉ် တစ်အိမ်တက်ဆင်း ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပြီး ဇူလိုင် ၂၅ ရက်က နဝင်းနယ်မြေ မာလကာကုန်း ရပ်ကွက်အတွင်း ရေဝပ်သောနေရာများမှ ရေဆိုးများစုပ်ထုတ်ခြင်းနှင့် ရေဝင် ရောက်မှုထိန်းချုပ်နိုင်ရန် သဲအိတ်တမံ များဖို့ခြင်းတို့ကို နယ်မြေခံတပ်မတော် သားများ၊ ခရိုင်မီးသတ် ဦးစီးဌာနနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများနှင့် ဒေသခံပြည်သူ များက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ထို့ပြင် လူမှုရေးအဖွဲ့အစည်းများက ရပ်ကွက်၊ ကျေးရွာများအတွင်း လော်စပီကာဖြင့် နေ့စဉ် ကျန်းမာရေးအသိပညာပေး နှိုးဆော်ခြင်းများ ပြုလုပ်ပေးလျက်ရှိ ကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် ပြည်မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများ၌ ဇူလိုင် ၂၅ ရက်အထိ အဆိုပါရောဂါ ဖြစ်ပွားသူဦးရေ ၁၀၇ ဦးရှိပြီး ခရိုင်တွင်းမြို့နယ်များဖြစ်သော ပေါက်ခေါင်းမြို့နယ်တွင် ငါးဦး၊ ပန်းတောင်း ငါးဦး၊ ရွှေတောင် လေးဦး၊ ပေါင်းတည် သုံးဦးနှင့် သဲကုန်းမြို့နယ်တွင် တစ်ဦး စုစုပေါင်းရောဂါဖြစ်ပွားသူ ခရိုင် ချုပ်စာရင်း ၁၂၅ ဦးအထိရှိပြီး အသေ အပျောက်မရှိကြောင်းနှင့် ရောဂါမပြန့်ပွား ရေးနှင့် ထိန်းချုပ်နိုင်ရေးကို အဘက်ဘက် မှ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဒေါ်အေးအေးမိုးက ပြောသည်။

မျိုးကျော်ကြီး(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကူးစက်မြန် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ မပြန့်ပွားရေးဆောင်ရွက်  ကူးစက်မြန် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ မပြန့်ပွားရေးဆောင်ရွက် Reviewed by THITHTOOLWIN on 09:18 Rating: 5
Powered by Blogger.