စစ်ကိုင်းမြို့နယ် နောက်ကြည့်ကျွန်းမှ လုယက်မှုနှင့်ပတ်သက်ပြီး တိမ်းရှောင်သူများမှ ၄ ဦးသည် ဇူလိုင် ၂၃ ရက် ယနေ့(ဇူလိုင် ၂၃) မွန်းလွဲ ၁ နာရီက စစ်ကိုင်းအမှတ် ၂ ရဲစခန်းသို့လာရောက်အဖမ်းခံခဲ့ကြောင်းသိရသည်။
"ကျင့် ၅/၁၂ တရားခံပြေးပေါ့။ သူတို့အသိတရားနဲ့ လာရောက်အစစ်ဆေးခံကြတာဖြစ်လို့ ကြိုဆိုပါတယ်။ဥပဒေဘောင်အတွင်းကနေ အကူအညီပေးသွားမယ်"ဟု စစ်ကိုင်းခရိုင်ရဲမှူး ဒုရဲမှူးမြသင်းကပြောသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ကျန်ရှိနေသေးသော တိမ်းရှောင်နေသူများ ဆက်လက်ရာက်ရှိလာရန် မျှော်လင့်သညဟု ၄င်းက ပြောသည်။
"ခုလို ဥပဒေဘောင်အတွင်းရောက်ရှိလာအောင် ကျောင်း ထိုင်ဆရာတော်နဲ့ စည်းရုံးခဲ့တယ်။ နောက်ရက်တွေမှာ လာရောက်ပြီးရင်ဆိုင်မယ့်သူတွေရှိတယ်။ သူတို့ဘဝ အေးချမ်းသွားမှာပါ"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းကပြောသည်။
လာရောက်အဖမ်းခံသူ လေးဦးမှာ ကျွဲကြီး(ခ)ဇော်မင်းဦး, မောင်ဦ, ချစ်ချော, စိုးစိုး တို့ဖြစ်ကြောင်းသိရပြီး ရဲတပ်ဖွဲ့မှ တရားခံပြေးအဖြစ် အလိုရှိနေသူများဖြစ်ရာ ဥပဒေ၏ အဆုံးအဖြတ်ကို ၄င်းတို့ ဆန္ဒအလျောက် ခံယူရန် ရဲစခန်းသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟုဆိုသည်။
၂၀၁၆ ဧပြီ ၁၈ ရက်နေ့က စစ်ကိုင်းမြို့နယ် မီးသွေးတိုက်ရွာအနီးတွင် လွိုင်ဆမ်ဆစ်ကျောက်မီးသွေးတင် သဘောင်္ကို ရပ်တန့်၍ လုယက်မှု ဖြစ်ပွားခဲ့သည်။ ကျုးလွန်သူ ၅ ဦးအရေးယူခဲ့ပြီးနောက် လွတ်မြောက်နေသော တရားခံပြေးများလည်းရှိသးကြောင်း ရေကြာင်းရဲတပ်ဖွဲ့ခွဲမှူး ရဲမှူကြီး ခွန်မျိုးရှိန်ကပြောသည်။
လာရောက်အဖမ်းခံသူ ၄ ဦးအနက်မှ နာမည်ကြီးတစ်ယောက်ဖြစ်သည့် ကိုကျွဲကြီးကပြောရာတွင် "ဘယ်သူမှ နားချလို့ ၀င်တာမဟုတ်ပါဘူး။ ပြစ်မှူကို ဆေးကြောချင်လို့ပါ။ မိသားစုအတွက်လည်း အကျိုးရှိချင်တယ"ဟု ပြောသည်။
ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
နောက်ကြည့်ကျွန်းလုယက်မှု ကျုးလွန်သူ ၄ ဦး စစ်ကိုင်းအမှတ် ၂ ရဲစခန်းသို့ လာရောက်အဖမ်းခံ
Reviewed by THITHTOOLWIN
on
18:29
Rating:
