ရန်ကုန် ဇူလိုင် ၆
သမိုင်းလမ်းဆုံဘက်မှ အရှိန်ပြင်း မောင်းနှင်လာသော ဒိုင်နာယာဉ်တစ်စီး ဆက်တိုက် ဆင့်ကဲတိုက်မိပြီး ထွက်ပြေးမောင်းနှင်ရာမှ တိမ်းမှောက် သည့် ဖြစ်စဉ် မရမ်းကုန်းမြို့နယ် အတွင်း ဇူလိုင် ၅ ရက် ညပိုင်းက ဖြစ်ပွား ခဲ့သည်။
ဖြစ်စဉ်မှာ ဇူလိုင် ၅ ရက် ည ၁ဝ နာရီခန့်က သမိုင်းလမ်းဆုံဘက်မှ သမိုင်း ဘူတာရုံလမ်းအတိုင်း အနောက်သို့ ယာဉ်မောင်း ဇာနည်အောင် မောင်းနှင် လာသော2J/---- ဒိုင်နာယာဉ်သည် ဗဟိုလမ်းမီးပွိုင့်အရောက်ရှေ့မှ လမ်း ဖြတ်ကူး လာသော မောင်ဖြိုးကျော်လင်း အား တိုက်မိပြီး ထွက်ပြေးမောင်းနှင်စဉ် သမိုင်းခုံးကျော်တံတား အရောက် ကိုအောင်မြင့် (၂၇ နှစ်)ကြည့်မြင်တိုင် မြို့နယ်နေသူ မောင်းနှင် လာသော CC/---- အငှားယာဉ်အား ထပ်မံတိုက်မိ ကာ ထပ်မံမောင်းနှင် ထွက်ပြေးစဉ် ဘုရင့်နောင်လမ်းဆုံ နှစ်ထပ်တံတား အဆင်း ဘုရင့်နောင် အမှတ်(၂) မြစ်ကူးတံတားထိပ်အရောက် ရှေ့မှ စက်ဘီးဖြင့် စီးနင်းလာသော ကိုဧရာ ကျော်(၂၃ နှစ်) လှိုင်မြို့နယ်နေသူ စီးနင်းပြီး နောက်မှ လိုက်ပါလာသော မထက်ထက်သူ (၂၄ နှစ်)တို့ကို တိုက်မိ ကာ ဇာနည်အောင် (စုံစမ်းဆဲ) မောင်းနှင် လာသော 2J/----- ဒိုင်နာ ယာဉ်မှာ ဘုရင့်နောင် အမှတ်(၂) မြစ်ကူး တံတားထိပ် ဘုရင့်နောင်ဘက်ခြမ်း၌ တိမ်းမှောက်သွားခဲ့သည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ် နှစ်စီးနှင့် စက်ဘီးတစ်စီးပျက်စီးခဲ့ပြီး ယာဉ်တိုက်ခံရသူ မောင်ဖြိုးကျော်လင်း မှာ ဒဏ်ရာများရရှိသဖြင့် အင်းစိန်ဆေးရုံ သို့ ပို့ဆောင်စဉ် သေဆုံးခဲ့သည်။ စက်ဘီး စီးနင်းသူ ကိုဧရာကျော်၊ မထက်ထက်သူ နှင့် တိမ်းမှောက်သည့် ဒိုင်နာယာဉ်ပေါ်ပါ ငါးဦးတို့တွင် ဒဏ်ရာများရရှိသဖြင့် အင်းစိန်နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တို့၌ တင်ပို့ကုသထားကြောင်း သိရသည်။
အခင်းဖြစ်ပွားပြီးနောက် ယာဉ် မောင်း ဇာနည်အောင်မှာ ထွက်ပြေး တိမ်းရှောင် သွားသောကြောင့် ယာဉ် မဆင်မခြင်မောင်းနှင်သူ ၄င်း(စုံစမ်းဆဲ)အား ဘုရင့်နောင် ရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
စိုးဝင်း(SP)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
လမ်းဖြတ်ကူးသူအား တိုက်မိသော ဒိုင်နာယာဉ် ဆက်တိုက်ဆင့်ကဲ တိုက်မိပြီး တိမ်းမှောက်
Reviewed by THITHTOOLWIN
on
16:16
Rating:
