ရေစီးနှင့်မျောပါသွား၍ ပျောက်ဆုံးနေသော ဖောင်စီးသမား ၆ ဦးတွင် ၁ ဦး အိမ်ပြန်ရောက်


ဇူလိုင် ၉

မြောက်ဦးမြို့နယ် ရွာဟောင်းတောကျေးရွာမှ ရွာသား ၆ ဦးသည် လေးမြို့ချောင်းအထက်ပိုင်းတွင် ၀ါးခုတ်ပြီး ၀ါးဖောင်ဖြင့် မျောလာစဉ် မိုးများ ရေကြီးခြင်းကြောင့် ဇူလိုင်လ ၄ ရက်နေ့က တည်းက ဝါးဖောင်နှင့် အတူ မျောပါသွားခဲ့ရာ ဇူလိုင်လ ၈ ရက်နေ့တွင် ၁ ဦး ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ယင်းသို့ ဖြစ်ပွားခဲ့စဉ်မှာ မြောက်ဦးမြို့နယ်အတွင်းမှ ဝါးခုတ်သမား ၁၁ ဦးသည် ဇူလိုင် ၄ ရက်နေ့က လေးမြို့ချောင်းအထက်ပိုင်းရှိ ဖန်ချောင်းထဲတွင် ဝါးခုတ်နေ ကြစဉ် ၆ ဦးမှာ ခုတ်ပြီးသောဝါးများအား ဝါးဖောင်ပြုလုပ်ကာ ချောင်းအတိုင်း ဝါးဖောင် များဖြင့်မျော၍ လာစဉ် မိုးသည်းထန်စွာ ရွာသွန်း လိုက်သော အခါ ချောင်း ရေသည် ချက်ချက် ရေစီးကြမ်းလာသောကြောင့် ဝါးဖောင်များအား ထိန်း မနိုင် တော့ ဘဲ ယင်း လူ ၆ ဦးစလုံးမှာ ဝါးဖောင်များနှင့်အတူ မျော ပါခဲ့ခြင်း ဖြစ် ကြောင်း ရေစီး တွင် မျောပါပြီး နေအိမ်ပြန်ရောက် လာသူ ဦးသာလှက ပြောသည်။

ဦးသာလှက “ကျွန်တော်တို့ ၆ ဦး ဝါးဖောင်တွေနဲ့ ချောင်းအတိုင်းေ မျာလာခဲ့တယ်။ ချောင်းရေစီးကြမ်း နေတာ ကြောင့် ဝါးဖောင်တွေ ထိန်းမရတော့ ဘဲ ရေစီးထဲမှာ ဝါးဖောင်တွေနဲ့ အတူမျောပါသွားတယ်။ လက် တင်ရွာအနီး မီးကျောင်းအိုင်နားရောက်တော့ ကျွန်တော် ဝါးဖောင်ပေါ်က လိမ့်ကျပြီးတော့ ဝါးနဲ့ ကျောက်တုံး ကြိတ်တဲ့ဒဏ် ခံခဲ့ရတယ်။ ကြိုး စားပြီးတော့ ကျောက် တုံးတစ်တုံးကိုရအောင် ဖက်တွယ် ထား လိုက်တယ်။ ကျန်တဲ့လူတွေတော့ ဝါးတွေနဲ့အတူ ဆက်လို့မျော ပါသွားတယ်။ နောက်အချိန် အနည်း ငယ်ကြာတော့ ခရီးသွားစက်လှေတစ်စီး လာတာတွေ့ လို့ အော်ဟစ်အ ကူအညီတောင်းပြီး အခုလိုရွာ ကိုပြန် ရောက်လာ တာပါ”ဟုပြောသည်။

ဝါးဖောင်နှင့်အတူ မျောပါသွားသူ ၅ ဦးမှာလည်း ရွာဟောင်းတောကျေးရွာမှ မိသားစုဝင်များ၏ ဖုန်းဆက် မေးမြန်း ချက်အရ မြောက်ဦးမြို့ နယ် ဘောင်း ဒွတ်ရွာမှ ဦးအောင်ကျော်ညွန့်ဆိုသူမှ ကယ်တင်ထား သည်ဟု သတင်း ရရှိပြီ ဖြစ်ကြောင်း၊ မနက်ဖြန် ရွာမှစက်လှေဖြင့် သွားခေါ် မည်ဖြစ် ကြောင်း လည်းသိရသည်။

BY နေ၀င်းစံ
Rakhine Gazette
https://www.facebook.com/RakhineGazette
ရေစီးနှင့်မျောပါသွား၍ ပျောက်ဆုံးနေသော ဖောင်စီးသမား ၆ ဦးတွင် ၁ ဦး အိမ်ပြန်ရောက်  ရေစီးနှင့်မျောပါသွား၍ ပျောက်ဆုံးနေသော ဖောင်စီးသမား ၆ ဦးတွင် ၁ ဦး အိမ်ပြန်ရောက် Reviewed by THITHTOOLWIN on 09:11 Rating: 5
Powered by Blogger.