သားအရင်းက မိခင်ဖြစ်သူအား တူဖြင့်ထုသတ်


သရက်ချောင်းမြို့နယ်တွင် ယခုလ ၆ ရက်က အရက်မူးနေသည့် သားအရင်းက ကျန်းမာရေး မကောင်းသည့် (၇၈ နှစ်)အရွယ် မိခင်အားတူဖြင့်ထုသတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

သရက်ချောင်းမြို့နယ် သင်း ကျွန်းရွာတွင် အရက်မူးနေသည့် (၄၅နှစ်)အရွယ် သားဖြစ်သူသည် ကျန်းမာရေး မကောင်း၍ အိပ်ရာ၌အိပ်နေသည့် မိခင်ဖြစ်သူအား အလေးချိန်တစ်ပေါင်ခန့်ရှိ သံတူဖြင့် ဦးခေါင်းအားထုခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

သေဆုံးသူ မိခင်ဖြစ်သူမှာ အိပ်ရာတွင် အိပ်နေပြီး အခြားသားတစ်ဦးနှင့်သမီးတစ်ဦးတို့က ပြုစုနေစဉ် သားဖြစ်သူမှာ အရက်မူး၍ ပြန်လာပြီး မိခင်ဖြစ်သူအား သတ်မည်ဟု ကြုံးဝါးနေသဖြင့် သမီး ဖြစ်သူက ပတ်ဝန်းကျင်အား အကူ အညီတောင်းရန် ထွက်ခွာသွား ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းတွင် ဖော်ပြထားသည်။

 ပြုစုနေသည့် သားဖြစ်သူမှာ အခင်းဖြစ်ချိန်တွင် အိမ်သာတက် နေပြီး နေအိမ်အတွင်းမှ အသံကြား၍ ပြေးကြည့်ရာ မိခင်ဖြစ်သူမှာ ခေါင်းတွင်သွေးများထွက်နေပြီး ခြေရင်းတွင် သားဖြစ်သူမှာ သံတူအား ဘေးတွင်ထား၍အိပ်နေကြောင်း ရဲမှတ်တမ်းအရ သိရသည်။

မိခင်ဖြစ်သူမှာ နဖူးတွင်ဖူးရောင်ဒဏ်ရာနှင့် နောက်စေ့တွင် ပေါက်ပြဲဒဏ်ရာတို့ရရှိပြီး ထားဝယ်ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ ကုသစဉ် ရရှိသည့်ဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြပါရှိသည်။

ယင်းသို့ မိခင်ဖြစ်သူအား တူဖြင့်ထုသတ်ခဲ့သည့် သားဖြစ်သူ အား (ပ) ၁၆၃/၂ဝ၁၆၊ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် သရက်ချောင်းမြို့ မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

Dawei Watch
The Union Daily
https://www.facebook.com/uniondaily.net
သားအရင်းက မိခင်ဖြစ်သူအား တူဖြင့်ထုသတ်  သားအရင်းက မိခင်ဖြစ်သူအား တူဖြင့်ထုသတ် Reviewed by THITHTOOLWIN on 11:58 Rating: 5
Powered by Blogger.