![]() |
ထိုင်ဝမ် အလံတော် (Credit: AFP) |
အခုလောလောဆယ် တစ်နာရီကို လေတိုက်နှုန်း ၂၄၀ ကီလိုမီတာ ဒါမှမဟုတ် တနာရီကို လေတိုက်နှုန်း ၁၅၀ မိုင်ရှိတဲ့ လေပြင်းမုန်တိုင်းဒဏ်ကို ထိုင်ဝမ်တောင်ပိုင်းမှာ ခံနေရတာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ထိုင်ဝမ်အလယ်ပိုင်းဘက်ကို ရွှေ့လျှားသွားမှာ ဖြစ်ပါတယ်။
အခုလောလောဆယ် ကနဦးသတင်းအရ မုန်တိုင်းကြောင့် တစ်ယောက်သေပြီး ၁ ယောက် ဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အတွက် ရထားပြေးဆွဲမှုတချို့ကို ရပ်တန့်ထားရသလို အရင်ရက်ကတည်းက လေယာဉ်နဲ့ ဖယ်ရီသင်္ဘောပြေးဆွဲမှု တချို့ကို ရပ်တန့်ထားရပါတယ်။
တချို့နေရာမှာလည်း လျှပ်စစ်မီးပြတ်တောက်နေပြီး လူပေါင်း ၁၅၀၀၀ လောက်ကို ကြိုတင်နေရာရွှေ့ပြောင်းမှုတွေ လုပ်ထားသလို စစ်သားပေါင်း သုံးသောင်းကိုလည်း ကူညီဖို့ နေရာချထားသလို ယာယီခိုလှုံရေး စခန်း အခု ၉၀ ကိုလည်း ကြိုတင်ပြင်ဆင်တာတွေ လုပ်ခဲ့ကြပါတယ်။
အဲဒီမုန်တိုင်းဟာ မနက်ဖြန် မနက်ကြရင် တရုတ်နိုင်ငံထဲ ဝင်ရောက်မှာ ဖြစ်ပြီး တရုတ်နိုင်ငံမှာလည်း ဒါကို အရေးပေါ် ကိစ္စအနေနဲ့ ဆောင်ရွက်နေပါတယ်။
လူသန်းပေါင်း ၁၂ မုန်တိုင်းဖြတ်သန်းမယ့် ဒဏ်ကို ခံစားရမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ မကြာသေးခင်တုန်းကလည်း မိုးသည်းထန်မှုကနေ ရေကြီးမှုတွေ ဖြစ်လို့ လူပေါင်း ၁၅၀ ကျော်သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ဆူပါမုန်တိုင်း ထိုင်ဝမ်ထဲဝင်ပြီ နက်ဖြန် တရုတ်ထဲဝင်ဖို့ရှိ
Reviewed by THITHTOOLWIN
on
17:00
Rating:
