ဗြဟ္မစာရီလူမှုရေးအသင်းကို ဆန္ဒပြ

(မန္တလေးတိုင်း မတ္တရာမြို့မှာ ဈေးသူဈေးသား ၂ဝဝ ခန့်က သူတို့စုဆောင်းထားတဲ့ ငွေစုအသင်းက အလွဲသုံးစားလုပ်လိုက်တဲ့အပေါ် သက်ဆိုင်ရာက အရေးယူပေးဖို့ ဇူလိုင်လ ၂၈ ရက်နေ့က ဆန္ဒထုတ်ဖော် တောင်းဆိုစဉ်) Photo: Hset Paing Toe/RFA
မန္တလေးတိုင်း မတ္တရာမြို့က ဈေးသူဈေးသား ၂ဝဝ လောက်ဟာ သူတို့စုဆောင်းထားတဲ့ ငွေတွေကို ငွေစုအသင်းက အလွဲသုံးစားလုပ်လိုက်တဲ့အတွက် သက်ဆိုင်ရာကနေ အရေးယူဆောင်ရွက်ပေးဖို့ ဒီကနေ့ မြို့ပေါ်မှာ ဆန္ဒပြ တောင်းဆိုကြပါတယ်။

လိမ်လည်မှုကို သက်ဆိုင်ရာဌာနဆိုင်ရာတွေအနေနဲ့ ဥပဒေအရအရေးယူပေးဖို့အတွက် တောင်းဆိုကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ ဦးမောင်မောင်နိုင်က ပြောပါတယ်။

မတ္တရာဈေးသူ ဈေးသား ၇ဝဝ ကျော်ရဲ့ စုဆောင်းငွေ ကျပ်သိန်း ၁၂ဝဝ ကျော်ကို ဗြဟ္မစာရီ လူမှုကူညီရေးအသင်းက ပြန်လည်မထုတ်ပေးတော့တဲ့အတွက် အရေးယူပေးဖို့ တောင်းဆိုတာလို့ ပြောပါတယ်။

အသင်းအနေနဲ့ ငွေအလွဲသုံးစားပြုလုပ်ခဲ့သူကို ထုတ်ဖော်မပြောပေမဲ့ စုငွေစာရင်းတွေကို အသေးစိတ်စိစစ်ပြီးမှ စုငွေတွေပြန်ထုတ်ပေးနိုင်အောင် စီစဉ်သွားမယ်လို့ ဗြဟ္မစာရီ လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဆန္ဒပြ ဈေးသူ ဈေးသားတွေကတော့ တစ်ပတ်အတွင်း ငွေပြန်မထုတ်ပေးနိုင်ရင် ဘဏ္ဍာရေးမှူး အပါအဝင် အသင်းတာဝန်ရှိသူ ၅ ဦးကို တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဗြဟ္မစာရီလူမှုရေးအသင်းကို ဆန္ဒပြ  ဗြဟ္မစာရီလူမှုရေးအသင်းကို ဆန္ဒပြ Reviewed by THITHTOOLWIN on 18:26 Rating: 5
Powered by Blogger.