12July2016
စင်္ကပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ဘင်္ဂလားဒေ(ရှ်) နိုင်ငံသားလေးဦးကို စင်္ကာပူ တရားရုံးက အကြမ်းဖက် လုပ်ရပ်တွေ လုပ်ကိုင်ဖို့  ငွေကြေးကောက်ခံနေမှုနဲ့ ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း သိရပါတယ်။
မီဇာနာ ၃၁နှစ် မစ်ရေးဘယ်(၂၆နှစ်)ဟာဂျီနိုရီ အစလာမ် (၃၁နှစ်)နဲ့ အစ္စမေး (၂၉)နှစ်ကို ထောင်ဒဏ်နှစ်နှစ်နဲ့  ငါးနှစ်အထိ တရားရုံးက ထောင်ဒဏ်ပေး လိုက်ပါတယ်။
အဆိုပါတရားခံတွေဟာ စင်္ကာနိုင်ငံနဲ့  တခြားနိုင်ငံတွေက မူဆလင် ဘာသာဝင်တွေ ထံကနေ ငွေကြေးတွေကောက်ခံပြီး ဘင်္ဂလားဒေ(ရှ်)နဲ့  အိမ်နီးချင်း နိုင်ငံတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ အတွက် ငွေကြေးတွေ ပို့ ပေးနေကြတာဖြစ်ပါတယ်။
ကမ္ဘာ့ ရန်သူ ဖြစ်နေတဲ့ ISIS အစ္စလာမ်မစ် နိုင်ငံတော်သစ် အဖွဲ့ နဲ့ လည်း ဆက်သွယ်မှုတွေရှိခဲ့ပြီး ဘင်္ဂလားဒေ(ရှ်)နိုင်ငံအတွင်းမှာ ISIS အဖွဲ့ ခွဲထောင်ဖို့ အထိ လုပ်ဆောင်နေကြတာဖြစ်ကြောင်း သိရပါတယ်။
Credit Singapre crime news
Social Action for Women - SAW
အကြမ်းဖက် လုပ်ရပ်အတွက် ငွေကြေးကောက်ခံနေသူများကို စင်္ကာပူ နိုင်ငံ တရားရုံး ပြစ်ဒဏ်များချမှတ်
Reviewed by THITHTOOLWIN
on
18:02
Rating:
