ကြယ်စင်ဟိန်း မှန်လုံယာဉ် နေပြည်တော်မှာ ရတနာဆိုင် ၀င်တိုက်မိ


နေပြည်တော် ၂၀ ရက်။ ။ ယနေ့နံနက် ခြောက်နာရီခွဲခန့်က ကြယ်စင်ဟိန်း မှန်လုံယာဉ် တစ်စီး နေပြည်တော် ၊ နှင်းဆီဝိုင်းအရောက် အရှိန်မထိန်းနိုင်ဘဲ နှင်းဆီပန်းအဝိုင်း အောက်ခြေ အဝိုင်းပတ်ခုံနှင့် လှေခါးထစ်ရှေ့ဘုတ်တိုင်အား ဝင်တိုက်မိကာ လမ်းမကြီးဘေးရှိ အောင်လှိုင်ထွန်းရတနာဆိုင်ထဲကို ကားဦးခေါင်းပိုင်းထိုးဝင် သွားခဲ့ပါတယ်။


ဆိုင်ခန်းပျက်စီးကာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တာကြောင့် နေပြည်တော်ကုတင် (၁၀၀၀) ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။ ဖြစ်စဉ်ကြောင့် ယာဉ်မောင်းကို အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ပျဉ်းမနားရဲစခန်းမှသိရပါတယ်။

Author -မာရီခိုင်
Kumudra
https://www.facebook.com/newsKumudra/
ကြယ်စင်ဟိန်း မှန်လုံယာဉ် နေပြည်တော်မှာ ရတနာဆိုင် ၀င်တိုက်မိ  ကြယ်စင်ဟိန်း မှန်လုံယာဉ် နေပြည်တော်မှာ ရတနာဆိုင် ၀င်တိုက်မိ Reviewed by THITHTOOLWIN on 10:36 Rating: 5
Powered by Blogger.