တက္ကဆက်ပြည်နယ်တွင် ပစ်ခတ်မှု ဖြစ်ပွား လေးဦးသေ၊ တစ်ဦးဒဏ်ရာရရှိ

တက္ကဆက်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှု တစ်ခုသို့ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်)
    ဟူစတန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

    အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အလယ်ပိုင်း ရှိ Bastrop မြို့ တွင် ဇူလိုင် ၂၃ ရက်က ပစ်ခတ်မှု တစ်ခု ဖြစ်ပွားခဲ့၍ လေးဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေနတ်ပစ်ခတ်မှုသည် ဒေသစံတော်ချိန် ညနေ ၆နာရီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သံသယရှိသူ သေဆုံး ခဲ့ကြောင်း ABC13 TV ကဖော်ပြခဲ့သည်။ ပစ်ခတ်မှုကြောင့် ဒဏ်ရာအနည်းငယ် ရရှိခဲ့သူ ကလေးငယ်အား ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် တိုက်ခန်း ပတ်ဝန်းကျင်အား လုံခြုံရေး အရ ရှင်းလင်းပြီးကြောင်းနှင့် ပစ်ခတ်မှု ဖြစ်ပွားရခြင်း အကြောင်းရင်း အသေးစိတ်ကို ပြောကြားခြင်း မရှိကြောင်း သိရသည်။

Bastrop မြို့က လူဦးရေ ၇,၅၀၀ ခန့်ရှိပြီး တက္ကဆက်ပြည်နယ်မြို့တော် Austin ၏ အရှေ့တောင်ဘက် ၅၆ကီလိုမီတာ အကွာတွင်တည်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
တက္ကဆက်ပြည်နယ်တွင် ပစ်ခတ်မှု ဖြစ်ပွား လေးဦးသေ၊ တစ်ဦးဒဏ်ရာရရှိ  တက္ကဆက်ပြည်နယ်တွင် ပစ်ခတ်မှု ဖြစ်ပွား လေးဦးသေ၊ တစ်ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 14:06 Rating: 5
Powered by Blogger.