အပစ်မဲ့အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်မှု ရပ်တန့်ရေး လားရှိုးတွင် လူထု ၁၀၀၀ ကျော် စီတန်းလှည့်လည်ဆန္ဒပြ


ဂျူလိုင်လ ၁၆ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ဒေသတွင်း ပြည်သူလူထုစုပေါင်းကာ အပစ်မဲ့အရပ်သားများအား ပစ် မှတ် ထား တိုက်ခိုက်မှု ရပ်တန့်ေ ရး၊ ငြိမ်း ချမ်းလုံခြုံစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး၊ တရားဥပဒေ စိုးမိုးရေး အတွက်ရည်ရွယ်သည့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြ ပွဲကျင်းပ သည်ဟုသိရသည်။


ဂျူလိုင်လ ၁၆ ရက် နံနက် ၉ နာရီမှစ၍ လားရှိုးမြို့ ရပ်ကွက် ၁ ကချင် နှစ်ခြင်း ဘုရားကျောင်းမှစ၍ စုပေါင်း ချီတက်ကာ ဆန္ဒပြပွဲတရပ် ကျင်းပနေကြောင်း၊ လားရှိုးမြို့တွင်း နှင့် ဒေသန္တရအတွင်း လူထုအင်အားစုစုပေါင်း ၁၂၀၀ ထက် မနည်းပူးပေါင်းပါဝင်သည်ဟု ပါဝင်သူလူငယ်တဦးကပြောသည်။


သျှမ်းလူငယ်ကွန်ယက်မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းနော်ဆိုင်က -" ကျနော်တို့ေ ဒသခံ ပြည်သူလူထု မတရား ဖမ်းဆီးသတ်ဖြတ်ခံနေရတယ်။ တာဝန်ယူမှု တာဝန်ခံမှုတွေမရှိဘူး။ ဒါ့ကြောင့်တပ်မတော် အပါအ၀င် တိုင်းရင်း သားလက် နက်တွေကအစ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ပါ။ ကျနော်တို့တောင်းဆိုတာ ကတော့ ၇ ချက်ရှိပါတယ်" -ဟု သျှမ်းသံတော်ဆင့် သို့ပြောသည်။

လူထုတောင်းဆိုချက် ၇ ချက်မှာ - စစ်ဒဏ် သင့်ပြည်သူများ ဘေးကင်း လုံခြုံစွာ နေရပ်ပြန်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေး ၊ အပစ်မဲ့ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှု များရပ်တန့်ပေးရေး၊ ပြည်သူများအေးချမ်းစွာ သွားလာအသက်ရှင်နေထိုင်နိုင်ရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရေး၊ တနိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေး၊ တိုင်းရင်းသားများ၏အခွင့်အရေးကို အာမခံသည့် ဖက်ဒရယ် Federal ပြည်ထောင်စုပေါ်ပေါက်လာရေး စသဖြင့်ပါဝင်ပါသည်။


ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒပြနိုင်ရန်အတွက် သျှမ်းလူငယ်များကွန်ယက် ၊သျှမ်းလူငယ်အဖွဲ့၊ ကချင်လူငယ်အဖွဲ့အစည်း(ရှမ်းပြည်) တအာင်း အမျိုးသမီးအဖွဲ့အစည်း ၊ တအာင်းကျောင်း သားနှင့် လူငယ်များအဖွဲ့တို့မှ ဦးဆောင်ဦးရွက်ပြု စီစဉ်ပေးကြောင်းသိရသည်။

"အထက ၁ နာက ကချင်နှစ်ချင်းဘုရားကျောင်းကနေ စထွက်တာ။ သိန္နီလမ်း မကြီး၊ ရပ်ကွက် ၃ ၊ မြို့တော်ခန်းမ၊ ဆေးရုံ ၊ အမှတ် ၁ ရဲစခန်း ဘက်ကို သွား ကြမှာ။ ခွင့်ပြုချက်က လူငယ်အား ၁၂၀၀ တင်ထားတယ်။အခုလာပြီး ပူးပေါင်း ကြတဲ့ လူအင်အား ၁၀၀၀ ကျော်ရှိနေပြီ။ အခြေအနေကတော့ အေးဆေးဘဲ၊ ရဲတပ်ဖွဲ့ထဲကပုဂ္ဂိုလ်တွေ အာဏာပိုင် တချို့လည်းပူးပေါင်းတယ်။" ဟု စိုင်းလွယ်မံစမ် ကပြောသည်။

စီတန်းလှည့်လည်ရေးအား နံနက် ၉ နာရီမှ ၁၂ နာရီအထိ လားရှိုးမြို့ ရဲတပ်ဖွဲ့မှူးကခွင့်ပြုချက်ပေး ထားကြောင်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း စစ်ရေးပဋိပက္ခကြောင့် ကျေးရွာမီးရှို့ခံရ မှု၊ ဒေသတွင်းလူငယ်နှင့် ခရီးသွားများ ဖမ်းဆီးခံရမှု၊ အကြောင်း မသိရဘဲေ ပျာက်ဆုံးသွားမှု၊ ဒေသခံများ ဖမ်းဆီးသတ်ဖြတ်ခံရမှု၊ ဂျွန် ၂၅ ရက်နေ့က လားရှိုးကျေးလက်ဒေသခံ ၇ ဦး ပစ်သတ်ခံရမှုအပေါ် အကြောင်ြး ပုကာ ဒေ သ ခံလူထု ၁၀၀၀ ကျော်တို့ စုပေါင်းချီတက် ဆန္ဒပြရခြင်းဖြစ်ကြောင်း ဦးဆောင်မှုပြုသည့် လူငယ်များအဖွဲ့ကပြောပါသည်။

ဓါတ်ပုံ- လားရှိုးမြို့တွင် ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် ပြည်သူလူထု ချီတက်ဆန္ဒပြကြသည့်ပုံရိပ်

သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
အပစ်မဲ့အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်မှု ရပ်တန့်ရေး လားရှိုးတွင် လူထု ၁၀၀၀ ကျော် စီတန်းလှည့်လည်ဆန္ဒပြ  အပစ်မဲ့အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်မှု ရပ်တန့်ရေး လားရှိုးတွင် လူထု ၁၀၀၀ ကျော် စီတန်းလှည့်လည်ဆန္ဒပြ Reviewed by THITHTOOLWIN on 18:56 Rating: 5
Powered by Blogger.