ငွေလိမ်လည်တောင်းခံမှုတွေကို သတိပြုဖို့ မြန်မာသံရုံး ကြေညာ ချက်ထုတ်


စင်ကာပူနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ဖုန်းတွေ၊ ဖေ့စ်ဘွတ်နဲ့ မေးလ်တွေကနေ တဆင့် ငွေကြေးလိမ်လည်တောင်းခံမှုတွေ ဖြစ်ပေါ်နေတာကြောင့် သတိပြုရှောင်ရှားကြဖို့ စင်ကာပူနိုင်ငံမှာ ရှိတဲ့ မြန်မာသံရုံးက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

မေးလ်မှာ တစ်နေ့ကို ငွေလိမ်တောင်းတဲ့စာ ၇ စောင်လောက် နေ့စဉ်ရောက်နေသလို ကံစမ်းမဲပေါက်တာကြောင့် ပစ္စည်းလွှဲခပေးဖို့ ဖုန်းဆက်ပြီး တောင်းတာတွေ ရှိနေကြောင်း စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုဇေယျ က ပြောပါတယ်။

+၆၀၁၆.....၊ +၁၆၃၉.......၊ +၈၅၂၃.......၊ +၁၆၅၅...... နံပါတ်တွေနဲ့စတဲ့ ဖုန်းတွေ၊ ဆိုရှယ် မီဒီယာဖေ့စ်ဘွတ် စတဲ့နေရာတွေကနေ ဆက်သွယ်ပြီး ပါဆယ်ထုတ် လက်ဆောင်ပစ္စည်းတွေပေးပို့မယ့် အကြောင်း၊ တန်ဖိုးကြီး ပစ္စည်းတွေဖြစ်တဲ့ ရွှေထည် နဲ့ ငွေသားတွေပါဝင်တာကြောင့် လက်ခံရရှိသူက Registration Fee နဲ့ အကောက် ခွန်ဌာနကို အခွန်ငွေပေးသွင်းနိုင်ဖို့အတွက် ငွေလွှဲပေးဖို့ တောင်းဆိုတာတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲ့လိုပုံစံမျိုးနဲ့ ငွေကြေးလိမ်လည်နေတာဟာ ပြီးခဲ့တဲ့ ၆ နှစ်လောက်ထဲက စဖြစ်ခဲ့တာဖြစ်ပြီး ခုနောက်ပိုင်းမှာ ပိုများလာတာ ဖြစ်တယ်လို့ စင်ကာပူနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေက ပြော ပါတယ်။

အလိမ်ခံရသူတွေမှာ မြန်မာနိုင်ငံသားတွေတင်မဟုတ်ဘဲ လူမျိုးပေါင်းစုံ ပါဝင်ကြပြီး သံရုံးတွေကို တိုင်တန်းသူတွေ ရှိပါတယ်။

စင်ကာပူနိုင်ငံမှာ ငွေကြေးလိမ်လည်တောင်းခံတာတွေဟာ လွန်ခဲ့တဲ့ ၆နှစ်လောက်ကစပြီး ဖြစ်ပွားနေရာကနေ အခုနောက်ပိုင်း ပိုမိုအဖြစ်များလာတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေသူ ကိုဇေယျ က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
ငွေလိမ်လည်တောင်းခံမှုတွေကို သတိပြုဖို့ မြန်မာသံရုံး ကြေညာ ချက်ထုတ်  ငွေလိမ်လည်တောင်းခံမှုတွေကို သတိပြုဖို့ မြန်မာသံရုံး ကြေညာ ချက်ထုတ် Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.