ရန်ကုန်၊ ဇူလိုင် ၁၇။
ငွေကျပ်သိန်းပေါင်း ၆၀၀၀ ကျော်ကုန်ကျခဲ့သော ခရမ်းမြို့နယ်ရှိ ဘုရားပျိုချောင်းကူးတံတားမှာ ဆောက်လုပ်ပြီး သုံးလအကြာတွင် မြေကျွံကျမှုဖြစ်ပွားခဲ့် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးသိန်းဇော်လတ်က ပြောသည်။
အဆိုပါ တံတားကို ရတနာပြည့်စုံ ဆောက်လုပ်ရေးကုမ္ပဏီက ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သောမတ်လ ၁၅ရက်တွင် ဆောက်လုပ်မှုပြီးစီးခဲ့ပြီး ဧပြီလလယ်တွင် ယာဉ်စတင်ဖြတ်သန်းမှုပေးခဲ့ကြောင်း သိရသည်။
်"အခုတံတားက ကုမ္ပဏီက အစိုးရကိုအပ်တောင် မအပ်ရသေးဘူး။ ဇူလိုင် ၁၄ရက်မှာ တံတားပေါ်ခင်းထားတဲ့ ကတ္တရာလမ်းသားက ရေတိုက်စားပြီး ကျွံကျတယ်။ပျဉ်ပြားကျိုးသလို ကျိုးသွားတာ။ အထဲမှာ သံချောင်းသုံးထားတာ အလွန်နည်းနေတာတွေ့ရတယ်''ဟု အဆိုပါ တံတားကိုသွားရောက်စစ်ဆေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်လတ်က ပြောသည်။
လက်ရှိတွင် ယင်းတံတားပျက်စီးမှုအကြောင်းကို ဆောက်လုပ်သည့်ကုမ္ပဏီထံ အကြောင်းကြားထားရာ ကုမ္ပဏီက ပြန်လည်ပြင်ဆင်ပေးလျက်ရှိကြောင်း သိရသည်။
''တံတားရဲ့ကြံ့ခိုင်မှုက ဘယ်လောက်ယုံကြည်ရမလဲဆိုတာ မသိဘူး။အရင်တခါလည်း မြေဘေးနံရံ ပျိုကျသေးတယ်။ဒါကြောင့်တိုင်းလွှတ်တော်မှာ ဒီတံတားနဲ့ ပက်သက်ပြီး တင်ပြသွားမယ်''ဟု ဦးသိန်းဇော်လတ်က ဆက်လက် ပြောကြားသည်။
ခရမ်းမြို့နယ် ဘုရားပျိုချောင်းကူးတံတား တည်ဆောက်မှုအတွက် ဘက်ဂျက်ငွေကို ယခင် အစိုးရက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-Thein Zaw Lat Fb
ဟံသာဟိန်း
Central News Myanmar
https://www.facebook.com/CNMyanmar
သိန်းခြောက်ထောင်ကျော်တန် ချောင်းကူးတံတား ဆောက်လုပ်ပြီး သုံးလအကြာ မြေကျွံကျမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
21:15
Rating:
