စစ်တွေမှာ အရက်ချက်နေရာတွေကို စစ်ဆေး

စစ်တွေမြို့မှာ အရက်ထုတ်လုပ်တဲ့ စက်ရုံ ၄ ခုကို ဒေသခံရဲတပ်ဖွဲ့က ဇူလိုင်လ ၂၃ ရက်နေ့က ဝင်ရောက်စစ်ဆေးစဉ်။ Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် စစ်တွေမြို့က ကျောင်းကြီးလမ်း၊ မြောက်စံပြ၊ ပြည်တော်သာ၊ ပါဒလိတ် စတဲ့ ရပ်ကွက် ၄ ခုမှာရှိတဲ့ အရက်ချက်စက်ရုံ ၄ ရုံကို ဒေသခံရဲတပ်ဖွဲ့က ဒီနေ့ ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး အဲ့ဒီအရက်တွေကို သောက် သုံးဖို့သင့် မသင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးသွားမယ်လို့ စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနောင် က ပြောပါတယ်။

အရက်တွေကို စစ်ဆေးပြီး သောက်သုံးဖို့ မသင့်ကြောင်း တွေ့ရှိခဲ့ရင် အရေးယူသွားမယ်လို့ ဒုတိယရဲမှူးကြီး ဝင်းနောင် က ပြောပါတယ်။

အဲ့ဒီအရက်ထုတ်လုပ်တဲ့ စက်ရုံတွေဟာ ရန်ကုန်ကနေတင်သွင်းလာတဲ့ အရက်ဆီတွေကို ရေ၊ အရောင်နဲ့ အနံ့တွေရောစပ်ပြီးနောက် ကိုယ်ပိုင်တံဆိပ်တွေကပ်ပြီး ကျေးလက်ဒေသတွေကို ဈေးပေါပေါနဲ့ အဓိကဖြန့်ချိ ရောင်းချနေတာဖြစ်ပါတယ်။

အရက်ထုတ်လုပ်ခွင့်လိုင်စင်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ချထားပေးတာဖြစ်ပြီး လိုင်စင်ရရှိထားသူတွေ အနေနဲ့ တံဆိပ် ၃ ခုကနေ ၆ ခုလောက်အထိ ထုတ်လုပ်ရောင်းချတာ ဖြစ်တယ်လို့လည်း ဒုတိယရဲမှူးကြီးက ပြော ပါတယ်။

အရက်ထုတ်လုပ်တဲ့နေရာတွေဟာ သန့်ရှင်းသပ်ရပ်မှုမရှိတာအပြင် ရပ်ကွက်အတွင်းက နေအိမ်တွေမှာ ထုတ်လုပ်နေကြတာဖြစ်ပါတယ်။

ဒီနေ့ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ကျန်းမာရေးဌာန တို့လည်း ပူးပေါင်း ပါဝင်ခဲ့တာဖြစ်ပြီး အရက်နမူနာတွေအပြင် ခွင့်ပြုချက်မရှိဘဲ သိုလှောင်ထားတဲ့ အရက်၊ ဘီယာတွေကိုလည်း သိမ်းဆည်းခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ