ဖိနပ်အတွင်းဖေါက်ပြီး ဖွက်ယူလာတဲ့ ရာဘ ပန်းရောင် စိတ်ကြွဆေးပြားများ


Posted on 8July2016

မြန်မာနိုင်ငံ ကော့သောင်မြို့ ကနေ ထိုင်းနိုင်ငံ ရနောင်းမြို့ ကို ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသားတဦးကို ရဲတပ်ဖွဲ့ က စစ်ဆေးရှာဖွေခဲ့ရာမှာ ဖိနပ်အတွင်းဖေါက်ပြီး ဖွက်ယူလာတဲ့ ရာဘ ပန်းရောင် စိတ်ကြွဆေး ၁၄၀ ပြားနဲ့  အတူ ဖမ်းမိခဲ့ကြောင်း သိရပါတယ်။


တရားခံက ရနောင်း မြို့ စက်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့  မြန်မာနိုင်ငံသားတွေကို မူးယစ်ဆေးလိုက်ရောင်းနေသူဖြစ်ပါတယ်၊ ဖွက်ယူလာနည်းက သေသတ်ပြီး နေ့ စဉ်ထောင်နဲ့  ချီလာရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို တဦးချင်း စစ်ဆေးဘို့ မလွယ်ပေမယ့် အကြောင်းသိနေတဲ့ အတွင်းလူက ကြိုတင် သတင်းပေးခဲ့လို့ ရဲတွေကစောင့်ကြည့် ရှာဖွေဖမ်းဆီးနိုင်ခဲ့တာပါ။

(SAW)
Khasod news
Social Action for Women - SAW
ဖိနပ်အတွင်းဖေါက်ပြီး ဖွက်ယူလာတဲ့ ရာဘ ပန်းရောင် စိတ်ကြွဆေးပြားများ  ဖိနပ်အတွင်းဖေါက်ပြီး ဖွက်ယူလာတဲ့ ရာဘ ပန်းရောင် စိတ်ကြွဆေးပြားများ Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.