ပြည်ခရိုင်တွင် ပြင်းထန်ကူးစက်မြန် ၀မ်းပျက်ဝမ်းလျောရောဂါပိုးတွေ့ရှိ


ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင်တွင် ဖြစ်ပွားနေသည့် ၀မ်းပျက်ဝမ်းလျော ရောဂါများတွင် ပြင်းထန်ကူးစက်မြန် ၀မ်းပျက်ဝမ်းလျှော ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ပြည်မြို့ အထွေထွေ ရောဂါကုဆေးရုံကြီးထံမှ သိရသည်။

ယင်း ၀မ်းပျက်ဝမ်းလျှော ရောဂါ ကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများ တင်းတင်းကြပ်ကြပ် တိုးမြှင့် လုပ်ဆောင်နေကြောင်းလည်း ကျန်းမာရေးဌာနက ဆိုသည်။

“ပြည်သူတွေအနေနဲ့ ကျန်းမာရေးဗဟုသုတရှိဖို့နဲ့ တစ်ကိုယ်ရေ သန့်ရှင်းဖို့ လိုအပ်ပါတယ်။ ၀မ်းရောဂါပိုးက မသန့်ရှင်းရင်တော့ ကူးစက်မြန်တတ်တာမို့ အထူးဂရုစိုက်ဖို့ လိုတယ်” ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်း(ရန်ကုန်)မှ ယင်း ၀မ်းပျက်ရောဂါပိုး တွေ့ရှိကြောင်း အဖြေကို လက်ခံရရှိခဲ့ပြီးနောက် ပြည်ခရိုင်အဆင့် အာဏာပိုင်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ ပြည်ခရိုင် ပြည်သူ့ကျန်းမားရေး ဦးစီးဌာနများ၊ လူမှုအအသင်းအဖွဲ့များအား အသိပေးအကြောင်းကြား၍ ရောဂါကာကွယ်ရေး၊ ကုသရေးဆိုင်ရာ လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

The Ladies News
https://www.facebook.com/News.TheLadies
ပြည်ခရိုင်တွင် ပြင်းထန်ကူးစက်မြန် ၀မ်းပျက်ဝမ်းလျောရောဂါပိုးတွေ့ရှိ  ပြည်ခရိုင်တွင် ပြင်းထန်ကူးစက်မြန် ၀မ်းပျက်ဝမ်းလျောရောဂါပိုးတွေ့ရှိ Reviewed by THITHTOOLWIN on 19:05 Rating: 5
Powered by Blogger.