ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ဘရူနိုင်းနှင့် ဗီယက်နမ်နိုင်ငံမှ နိုင်ငံခြားရေး ၀န်ကြီးများ တွေ့ဆုံ


ဗီယင်ကျန်း ဇူလိုင် ၂၃

လာအိုနိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ၀န်ကြီးချုပ်ရုံး ၀န်ကြီးနှင့် နိုင်ငံခြားရေး ၀န်ကြီး Mr . Pehin Orang Kaya Pekerma Dewa Dato Seri Setia Lim Jock Seng တို့သည် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ဗီယင်ကျန်းမြို့ အမျိုးသား ကွန်ဗင်းရှင်း ဗဟိုဌာန ၌ တွေ့ဆုံ ဆွေးနွေးကြသည်။


အလားတူ ညနေ ၆ နာရီ ၄၅မိနစ်တွင် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်နှင့် ဗီယက်နမ်နိုင်ငံ ဒုတိယ ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Pham Binh Minh တို့သည် Lao Plaza Hotel ၌ တွေ့ဆုံ ဆွေးနွေးခဲ့ ကြသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ဘရူနိုင်းနှင့် ဗီယက်နမ်နိုင်ငံမှ နိုင်ငံခြားရေး ၀န်ကြီးများ တွေ့ဆုံ  ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ဘရူနိုင်းနှင့် ဗီယက်နမ်နိုင်ငံမှ နိုင်ငံခြားရေး ၀န်ကြီးများ တွေ့ဆုံ Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.