မူဆယ်မြို့မှာ ရေဆိုးကန်အတွင်း ပြုတ်ကျသူကို ဆင်းကယ်ရာမှ (၄)ဦးသေဆုံး

 

ဇူလိုင်လ (၂၉)ရက်နေ့ နံနက် (၉)နာရီခန့် က ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ( ၄၅ ) ကုန်း / လမ်းသွယ် ( ၂ ) မြို့ထဲမှသွားလျှင် ဘယ်ဘက်အခြမ်း လမ်းကြား ( ၂ )လမ်းမြောက် ညာဘက်ဒေါင့် ဆောက်လက်စ အာစီ ( ၃ ) ထပ်တိုက်အား အိမ်ရှင်ဖြစ်သူ ဦးရဲထက်အောင် မှ လိုက်လံကြည့်ရှု့ရင်း ရေဆိုးစွန့် ရေလှေင်ကန်အတွင်းသို့ ပြုတ်ကျသွား သဖြင့် ဆင်းကယ်သူ (၄)ဦး သေဆုံး သွားကြောင်းသိရပါသည်။


ဦးရဲထက်အောင်ကို အလုပ်သမား ( ၂ ) ဦးမှ ဆင်းကယ်အပြီး ပြန်မတက်နိုင်သဖြင့် နောက်ထပ် ( ၁ ) ဦး ဆင်းကယ်ရာတွင်းလည်း ပြန်တက်မလာပါ၊ ပတ်ဝန်းကျင်အိမ်ခန်း မှ အခန်းငှါးနေ သုံးဘီးယာဉ်မောင်း ( ၁ ) ဦးရောက်လာကာ ဆင်းကယ်ပြန်ရာ၊ ၎င်းပါ ပြန်မတက်လာနိုင်ဘဲ ကန်အတွင်းတွင် သေဆုံးကြကြောင်း နှင့် ၎င်းအိမ်ရှင် ဦးရဲထက်အောင် မှာ ယခုအချိန်အထိ သတိမေ့လျော့နေကြောင်း သိရှိရပါသည်။


သေဆုံးသူများမှာ -

(၁) ဂျေဂျေ . အသက် (၁၈)နှစ် . မိတ္ထီလာမြို့
(၂) လင်းဝေ(ခ)စိုးသူ (၂၅)နှစ် . ပုသိမ်ကြီးမြို့
(၃) အောင်မျိုးညွှန့်. (၃၂)နှစ် . မိတ္ထီလာမြို့
(၄) မျိုးခိုင် (၄၅)နှစ် . ငါးသိုင်းချောင်းမြို့

၎င်းတို့ သေဆုံးသော ရေဆိုးကန်မှာ အနက်- ၁၅ ပေ / အကျယ်- ၉ ပေပတ်လည် အတွင်း ရေအမြင့်- ၁၀ လက္မခန့်သာရှိကြောင်း သိရှိရပါသည် ။

‪#‎AJ‬#
Than Htay
မူဆယ်မြို့မှာ ရေဆိုးကန်အတွင်း ပြုတ်ကျသူကို ဆင်းကယ်ရာမှ (၄)ဦးသေဆုံး  မူဆယ်မြို့မှာ ရေဆိုးကန်အတွင်း ပြုတ်ကျသူကို ဆင်းကယ်ရာမှ (၄)ဦးသေဆုံး Reviewed by THITHTOOLWIN on 00:14 Rating: 5
Powered by Blogger.