နိပေါနိုင်ငံမှာ ရေကြီး တောင်ပြိုမှုများ ဖြစ်ပေါ်နေ ၅၄ ဦးသေဆုံး ၂၀ကျော် ပျောက်ဆုံး


| Kathmandu Wed, July 28 2016 |

နိပေါနိုင်ငံတ၀န်းက ပြည်နယ်ဒေသတွေမှာ ယခုရက်ပိုင်းအတွင်းမှာ အဆက်မပြတ် မိုးရွာသွန်းမှု ဖြစ်ပွားမှုကြောင့် တောင်တွေပြိုပြီး မြို့ ရွာတွေမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေရာမှာ ဇူလိုင်လ ၂၈ ရက်နေ့  သတင်းတွေမှာ ၅၄ ဦးသေဆုံးပြီး လူ၂၀ ပျောက်ဆုံးနေကြောင်း နိပေါအာဏာပိုင်တွေက အတည်ပြု ပြောဆိုခဲ့ပါတယ်။


Tinau river တိနူမြစ်ရေ ဟာ စိုးရိမ်ရေမှတ် ကျော်လွန်လာတာကြောင့် ခရိုင် ၇၅ ခုမှာ ရှိတဲ့ ပြည်သူတွေကို ရေဘေးကနေ ကယ်တင်ပေးနေရပါတယ်။ နိပေါနိုင်ငံ ဆိုင်ရာဒေသ သတင်းတွေမှာ အိမ်ခြေ (၂၀၀၀)ကျော် ပျက်စီးခဲ့တယ်လို့  ဖေါ်ပြထားပါတယ်။


April 2015 ရက်နေ့ က လှုပ်ခတ်ခဲ့တဲ့ ငလျင် ကြောင့် လူ (၈၀၀၀)ကျော် သေဆုံး ခဲ့ပြီး ယနေ့ အထိ ငလျင်ဘေးဒဏ်ခံရတဲ့ ပြည်သူတွေဟာ ရွက်ဖျင်တဲတွေမှာ နေထိုင်နေရပါသေးတယ်။


ကချင် ပြည်နယ် ဖားကန့် ဒေသမှာရှိတဲ့ ကျောက်စိမ်း မိုင်းတွင်း တွေလည်း ပြိုကျမှုတွေ ဆက်တိုက်ဖြစ်ပွားလာနိုင်တာကြောင့် ယခုအချိန်မှာ ကျောက်တူး လုပ်ငန်းတွေ အတွက် စိုးရိမ်စရာဖြစ်ပါတယ်။

Social Action for Women - SAW


နိပေါနိုင်ငံမှာ ရေကြီး တောင်ပြိုမှုများ ဖြစ်ပေါ်နေ ၅၄ ဦးသေဆုံး ၂၀ကျော် ပျောက်ဆုံး  နိပေါနိုင်ငံမှာ ရေကြီး တောင်ပြိုမှုများ ဖြစ်ပေါ်နေ ၅၄ ဦးသေဆုံး ၂၀ကျော် ပျောက်ဆုံး Reviewed by THITHTOOLWIN on 10:57 Rating: 5
Powered by Blogger.