ချင်းတွင်းမြစ် ခန္တီးမြို့အောက် ဝဲအတွင်း ကုန်တင်ယာဉ်တစ်စီးနစ်မြုပ်


မုံရွာ၊ဇူလိုင်-၂၂

ချင်းတွင်းမြစ်အတွင်း မုံရွာမြို့မှ ခန္တီးမြို့သို့ အဆန်ခရီး ပြေးဆွဲသည့်ပြည့်ဖြိုးအောင်ကုန်တင် မော်တော်သည် ယနေ့ညနေပိုင်းတွင် ခန္တီးမြို့၏အောက်ဘက် ရေမိုင် ၁၇မိုင်ခန့်အကွာ ဝဲအတွင်းနစ်မြုပ်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

ခန္တီးခရိုင်မီးသတ်ဦးစီးဌာနက ရေယာဉ် နစ်မြုပ်ကြောင်း သတင်းကို ယနေ့ညနေ ၆ နာရီ ၁၀ မိနစ်အချိန်၌ ရရှိခဲ့သဖြင့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများ အချိန်နှင်တစ်ပြေးညီ ဆောင်ရွက်နေကြောင်းသိရသည်။

ကုန်တင်အမြန်ရေယာဉ်ပေါ်တွင် ရေယာဉ်မောင်းနှင့်လုပ်သား ၉ဦး လိုက်ပါလာပြီး ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ကူညီကယ် ဆယ်နိုင်ခဲ့သည်ဟုမီးသတ်ဌာနကဆိုသည်။

အဆိုပါရေယာဉ်တွင် ဆန်အိတ် ၂၀၀ ဒီဇယ်ပေပါ ၃၀ လုံး ဓာတ်ဆီပေပါ ၁၀ လုံးတင် ဆောင် လာကြောင်း မီးသတ်ဦးစီးဌာန မှတ်တမ်းများ အရသိရသည်။

ဝေဖြိုးလှိုင်
Monywa Gazette
https://www.facebook.com/chindwingazet

ချင်းတွင်းမြစ် ခန္တီးမြို့အောက် ဝဲအတွင်း ကုန်တင်ယာဉ်တစ်စီးနစ်မြုပ်  ချင်းတွင်းမြစ် ခန္တီးမြို့အောက် ဝဲအတွင်း ကုန်တင်ယာဉ်တစ်စီးနစ်မြုပ် Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.