ခေါင်းလောင်းဆက်ဖေါ်မယ်ဆိုရင် အရေးယူမယ်

(စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မောက္ကာတော်ရွာဆိပ်ကမ်းမှာ ဓမ္မစေတီခေါင်းလောင်းဖေါ်ဖို့အတွက် ပူဇော်ပသမှုများကို ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်စဉ်) Photo: kyaw min aung Facebook
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်က ချင်းတွင်းမြစ်ထဲမှာ ဓမ္မစေတီခေါင်းလောင်းရှာဖွေနေတာတွေကို ဆက်လက်လုပ်ကိုင်နေမယ်ဆိုရင် ဥပဒေအရ အရေးယူတာတွေအထိ လုပ်ဆောင်သွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောပါတယ်။

ချင်းတွင်းမြစ်ထဲ ဓမ္မစေတီခေါင်းလောင်းပေါ်တယ်ဆိုပြီး လူအုပ်စုတွေနဲ့ ရှာဖွေနေကြတဲ့အတွက် အဲဒီလို ပြောဆိုချက်တွေဟာ ကောလာဟလတွေသာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ ဝါဆိုလပြည့်နေ့က စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် မောက္ကာတော်ရွာနား ချင်းတွင်းမြစ်ဘေးမှာ အဖွဲ့တစ်ဖွဲ့က မမှန်သတင်းတွေ လွှင့်ခဲ့ကြတာလို့ ပြောပါတယ်။

အဲ့ဒီနေ့က ချင်းတွင်းမြစ်ထဲမှာ နဂါးစာကျွေးတာ၊ မြစ်ထဲမှာ ခေါင်းလောင်းဆယ်ဖို့အတွက် စီစဉ်ကြတာဖြစ်ပြီး အတော်စည်ကားသွားခဲ့ပါတယ်။

ခေါင်းလောင်းပေါ်မယ်ဆိုပြီး ကောလာဟလလွှင့်တဲ့အဖွဲ့တွေဟာ ဒေသခံတွေမဟုတ်ကြဘဲ တစ်ခြားဒေသကလာရောက်ပြီး အခုလိုသတင်းမျိုးတွေလွှင့်ကြတာဖြစ်ကြောင်းလည်း ဦးမြင့်ကြည် က ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ခေါင်းလောင်းဆက်ဖေါ်မယ်ဆိုရင် အရေးယူမယ်  ခေါင်းလောင်းဆက်ဖေါ်မယ်ဆိုရင် အရေးယူမယ် Reviewed by THITHTOOLWIN on 17:44 Rating: 5
Powered by Blogger.