ကျွန်းလှမြို့နယ်မှာ လေပြင်း တိုက်ခတ်၍ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီး ကျောင်း ပျက်စီး


လေပြင်း တိုက်ခတ်၍ ပျက်စီးသွားသော အဆောက် အဦးများအား ရှင်းလင်းရေး ဆောင်ရွက်

ကျွန်းလှ ဇူလိုင် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် နောင်ဦးကျေးရွာ အုပ်စု/နောင်ဦးကျေးရွာတွင် လေပြင်း တိုက်ခတ်၍ ပျက်စီးသွားသော စာသင်ကျောင်းနှင့် ဘုန်းတော်ကြီး ကျောင်းတို့အားဇူလိုင် ၂၅ ရက် နေ့နံနက် ၁၀ နာရီခွဲ အချိန်က ရှင်းလင်းရေး ဆောင်ရွက်ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင်ရွာ ကုန်းကြီးရဲကင်းစခန်းမှူး ရဲအုပ်ရဲမြင့်နှင့် တပ်ဖွဲ့ဝင်များ/ ကျေးရွာအုပ်ချုပ် ရေးမှူး ဦးဆန်းအောင်နှင့် တာဝန်ရှိ သူများ/ရွာသူ ရွာသားများ ပူးပေါင်းပြီး ပျက်စီးသွားသော အမိုးသွပ်များ /ဒိုင်းမျှားတန်း သစ်သားများ/ မျက်နှာကြက်တို့ကို ရှင်းလင်း ပေးကြကြောင်း သိရသည်။

ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကျွန်းလှမြို့နယ်မှာ လေပြင်း တိုက်ခတ်၍ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီး ကျောင်း ပျက်စီး  ကျွန်းလှမြို့နယ်မှာ လေပြင်း တိုက်ခတ်၍ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီး ကျောင်း ပျက်စီး Reviewed by THITHTOOLWIN on 19:08 Rating: 5
Powered by Blogger.