နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံပွဲနောက်ပိုင်း မြန်မာအလုပ်သမားတချို့စောင့်ကြည့်ခံရ

ဇွန်လ ၂၃ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မဟာချိုင်ခရိုင်မှာ တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
ပြီးခဲ့တဲ့ဇွန်လက ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ တွေ့ဆုံပွဲမှာ ထိုင်းအစိုးရက ခေါ်လာတဲ့အလုပ်သမားတွေကို ခန်းမထဲ မ၀င်ဖို့တားမြစ်တဲ့ မြန်မာအလုပ်သမားအရေးကူညီသူတွေနဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းရဲတပ်ဖွဲ့က စောင့်ကြည့်နေတယ်လို့ အလုပ်သမားအရေးကူညီသူတွေက ပြောပါတယ်။

အမှုဖွင့်အရေးယူတာမျိုး မရှိသေးပေမယ့် မကြာခင်ခေါ်ယူစစ်ဆေးတာတွေရှိလာနိုင်တယ်လို့ စောင့်ကြည့်ခံနေရသူတွေထဲက မြန်မာအလုပ်သမား အရေးကူညီစောင့်ရှောက်ရေး ကော်မတီ AAC အဖွဲ့ဝင် ကိုရဲမင်းက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်မှာ မဟာချိုင်မှာရှိတဲ့ မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထား ရာမှာ သောင်းနဲ့ချီတဲ့ အလုပ်သမားအများစုက ခန်းမရှေ့မှာ စောင့်ဆိုင်းနေပြီး တွေ့ဆုံခွင့်မရဘဲ ထိုင်းအစိုးရက သီးသန့်ခေါ်ထားတဲ့ မြန်မာအလုပ်သမားတွေကို ခန်းမထဲဝင်ခွင့်ပေးတာဖြစ်ပါတယ်။

ထိုင်းအစိုးရက ကြိုတင်ခေါ်ထားတဲ့ မြန်မာအလုပ်သမားတွေကို တင်ဆောင်လာတဲ့ယာဉ်တွေကို ခန်းမရှေ့မှာ စောင့်ဆိုင်းနေတဲ့ မြန်မာအလုပ်သမားတွေက ၀င်ခွင့်မပေးဘဲ တားမြစ်ခဲ့တာဖြစ်ပါတယ်။

အဲဒီလိုတားမြစ်ရာမှာ ဦးဆောင်တဲ့ မြန်မာအလုပ်သမားတွေနဲ့ အလုပ်သမားအရေးကူညီသူတွေကို ထိုင်းရဲတပ်ဖွဲ့က စာရင်းပြုစုပြီး နောက်ကြောင်းတွေ စုံစမ်းနေ သလို ရဲစခန်းတွေကို ဓာတ်ပုံတွေဖြန့်ဝေထားတယ်လို့လည်း ကိုရဲမင်းက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံပွဲနောက်ပိုင်း မြန်မာအလုပ်သမားတချို့စောင့်ကြည့်ခံရ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံပွဲနောက်ပိုင်း မြန်မာအလုပ်သမားတချို့စောင့်ကြည့်ခံရ Reviewed by THITHTOOLWIN on 19:31 Rating: 5
Powered by Blogger.