စွန့်ပယ်ခံ မြန်မာကလေး ၆၉ ဦးကို ကူညီဖို့ ထိုင်း အဖွဲ့အစည်း တိုက်တွန်း

ထိုင်းနိုင်ငံရှေ့ နေများကောင်စီ မှ အဖွဲ့ ဝင် Surapong Kongchantuk စူရဖုန်း က (SAW) ကခလေးတွေ ဂေဟာ ကို လာရောက်လယ်ပါတ်တာပါ။ ဓါတ်ပုံ - Social Action for Children and Women (SAW)
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့မှာရှိတဲ့ SAW (Social Action Women) အမျိုးသမီးများ လူမှုလှုပ်ရှားမှု အဖွဲ့က စောင့်ရှောက်ထားတဲ့ စွန့်ပယ်ခံ မြန်မာကလေး ၆၉ ယောက်အတွက် တရားဝင်နေထိုင်ခွင့်ပေးဖို့ ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် NHRC ဆပ်ကော်မတီ ဥက္ကဌ Surapol က ထိုင်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

တိုင်းရင်းသား လူနည်းစုတွေနဲ့ နိုင်ငံမဲ့သူများဆိုင်ရာ NHRC ဆပ်ကော်မတီဥက္ကဌနဲ့ အဖွဲ့ဟာ မဲဆောက် မြို့နယ်မှာ  SAW အဖွဲ့ကဖွင့်လှစ်ထားတဲ့ရိပ်သာကို အလည်အပတ်သွားပြီးနောက်မှာ အဲ့ဒီလိုတိုက်တွန်းလိုက်တာပါ။

တရားဝင်နေထိုင်ခွင့်မရှိကြတဲ့ ဒီကလေးတွေအတွက် လူထုရဲ့အကူအညီကို SAW က မတောင်းခံနိုင်ဘူး၊ ဒါကြောင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ ဒီကလေးတွေကို ချက်ချင်းအကူအညီပေးပါလို့ Mr. Surapol က တိုက်တွန်းပါတယ်။

SAW ဟာ နာမကျန်းဖြစ်နေတဲ့ အမျိုးသမီးတွေကိုလည်း ကူညီစောင့်ရှောက်ထားတဲ့အတွက် ဒီအဖွဲ့ကို ကူညီထောက်ပံ့နိုင်အောင် ဖောင်ဒေးရှင်းတစ်ခုထူထောင်ဖို့ ကြိုးစားမယ်လို့လည်း ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
စွန့်ပယ်ခံ မြန်မာကလေး ၆၉ ဦးကို ကူညီဖို့ ထိုင်း အဖွဲ့အစည်း တိုက်တွန်း  စွန့်ပယ်ခံ မြန်မာကလေး ၆၉ ဦးကို ကူညီဖို့ ထိုင်း အဖွဲ့အစည်း တိုက်တွန်း Reviewed by THITHTOOLWIN on 22:09 Rating: 5
Powered by Blogger.