တောင်ပန်းယျကျေးရွာ မီးလောင်မှု အိမ်ခြေ(၂၀)၊ နွားစာတဲ(၆) လုံး လောင်ကျွမ်း


တံတားဦး၊ ဇူလိုင် - ၂၂

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ တောင်ပန်းယျကျေးရွာတွင် ဇူလိုင် ၂၂ ရက်နေ့ နံနက်(၉)နာရီက မီးလောင်ကျွမ်းရာ (၉း၂၅)အချိန်တွင် မီးညွန်ကျိုးပြီး မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှာ တောင်ပန်းယျကျေးရွာနေ ဦးကျော်စိုးမင်းအသက်(၃၀)နှစ်(ဘ) ဦးတင့်ဆွေ နေအိမ် မှ ဆိုလာမီးအားသွင်းရာမှ အပူလွန်ကဲပြီး နေအိမ်ထရံသို့ မီးလောင်ကျွမ်းရာအိမ်ခြေ(၂၀)၊ အိမ်ထောင်စု(၂၀)နွားစာတဲ(၆) လုံး လောင်ကျွမ်း ရာ ကျောက်ဆည်ခရိုင် မီးသတ်ဦးစီးမှူး ဦးဇင်ထွန်း ဦးဆောင်ပြီး မီးသတ်ယာဉ် (၂)စီး၊ စဥ့်ကိုင်မြို့နယ် မီးသတ်ယာဉ်(၃)စီး၊ အမြန်လမ်းမီးသတ်ယာဉ်(၁)စီး၊ တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာန ဒုဦးးစီးမှူး ဦးကျော်သူအောင် ဦးဆောင်ပြီး မီးသတ်ယာဉ်(၉)စီး မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် မီးသတ်ယာဉ်(၁)စီး၊ ပလိပ်မြို့မီးသတ်ယာဉ်(၁)စီး၊ အမရပူရမြို့နယ် မီးသတ်ယာဉ်(၁)စီး မီးသတ်ယာဉ် စုစုပေါင်း(၁၈)စီး ဖြင့် ကျေးရွာသူ/သားများနှင့်အတူ ၀ိုင်းဝန်းငြိမ်းသတ်ခြင်းကြောင့် နံနက်(၁၀) နာရီအချိန်တွင်မီးငြိမ်းသတ်နိုင်ခဲ့သည်။


မီးဘေးသင့်ပြည်သူများအား လေသာဘုန်းတော်ကြီးကျောင်းတွင် မီးဘေး ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပြီး ကျောက်ဆည်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်အဆင့်တာဝန်ရှိသူများ၊ တံတားဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများက မီးဘေးသင့် အိမ်ထောင်စု များကို အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(ရဲတင့်၊ တံတားဦးမြို့)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
တောင်ပန်းယျကျေးရွာ မီးလောင်မှု အိမ်ခြေ(၂၀)၊ နွားစာတဲ(၆) လုံး လောင်ကျွမ်း   တောင်ပန်းယျကျေးရွာ မီးလောင်မှု အိမ်ခြေ(၂၀)၊ နွားစာတဲ(၆) လုံး လောင်ကျွမ်း Reviewed by THITHTOOLWIN on 17:23 Rating: 5
Powered by Blogger.