![]() |
ဓာတ်ပုံ - ပြည်တက္ကသိုလ်အဝေးသင်ကျောင်းသား/သူများ (facebook) |
ဖြစ်စဉ်မှာ ဇွန်လ လယ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်တက္ကသိုလ် ဒဿနိကဗေဒဘာသာရပ် ကထိက ဆရာမတစ်ဦးမှာ ဌာနအခန်းတွင်းထိုင်နေစဉ် ၎င်း၏ ဒဿနိကဗေဒဂုဏ်ထူးတန်းမှ ဒုတိယနှစ် ကျောင်းသားတစ်ဦးက ကိုယ်ထိလက်ရောက်ပြုမူခဲ့ခြင်းကြောင့် ဌာနတွင်းခုံရုံးဖွဲ့ စစ်ဆေးကာ ဇူလိုင်လဆန်းတွင် ပြစ်ဒဏ်ချမှတ်လိုက် ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ဆေးချက်တွေအရတော့ ဆရာမရဲ့ပြောဆိုဆုံးမမှုတွေ က ပုံမှန်သဘောလောက်ပဲရှိတယ်။ တပည့်ရဲ့ စိတ်ခံ ယူမှုကတော့ ဘယ်လိုရှိသွားတယ်တော့မသိဘူး။ ဒီလိုအဖြစ်မျိုးလည်း တစ်ခါမှမတွေ့ဖူး၊ မကြုံဖူးဘူး။ ကျောင်း သားကိုတော့ ယခုနှစ်စာသင်နှစ် အပါအဝင် နောက်လေးနှစ်စုစုပေါင်း ငါးနှစ်ပညာသင်ခွင့် ရပ်ဆိုင်းလိုက်ပါ တယ်။”ဟု ပြည်တက္ကသိုလ်မှဒုတိယပါ မောက္ခချုပ် ဒေါက်တာနီလာမြင့်ကပြော သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကိုယ်ထိလက်ရောက်ပြုမူခံရသော ဆရာမ၏ ဂုဏ်သိက္ခာကျဆင်းစေမည့် ကောလဟလများမှာ ပြည်မြို့အသိုင်းအဝိုင်း လူမှုကွန်ယက် စာမျက်နှာများတွင်ပျံနှံ့လျှက်ရှိပြီး ထိုသို့သတင်းမှားဖြန့်သည့် လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချကြောင်း ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သဘောထားကြေငြာချက် ထုတ်၍ ကန့်ကွက်မှုများပြုလုပ်ထားသည်။
အ ဆိုပါကျောင်းသားမှာဂုဏ်ထူးတန်းဖြစ်သည့်အတွက်စာမေးပွဲကျခွင့်မ ရှိသောကြောင့်ယခုကဲ့သို့ ပြစ်ဒဏ်ပေးလိုက်ခြင်းအားဖြင့် ပြစ်ဒဏ်ငါး နှစ်ပြည့်ပြီးနောက် ကျောင်းပြန်တက်ခွင့်လျှောက်ထားရာတွင် ရိုးရိုးအတန်းတွင် သာ ပြန်လည်တက်ခွင့်ရတော့မည်ဖြစ်ကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပြည်တက္ကသိုလ် ကထိကဆရာမတစ်ဦးကို ပါးရိုက်သည့် ကျောင်းသားအား ပညာသင်ကြားခွင့် ငါး နှစ်ရပ်ဆိုင်း
Reviewed by THITHTOOLWIN
on
19:05
Rating:
