မဘသအဖွဲ့ရဲ့ တောင်းဆိုချက်ကို ဦးဝင်းထိန် တုန့်ပြန်


ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က မဘသ မလိုအပ်ဘူးဆိုတဲ့ ပြောစကားအတွက် မဘသ အဖွဲ့က တောင်းပန်ခိုင်းတဲ့အပေါ် တစ်စုံတရာတုန့် ပြန်သွားမှာ မဟုတ်ဘူးလို့  NLD ပါတီခေါင်းဆောင် ဦးဝင်းထိန် က ပြောပါတယ်။

ဒီကနေ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ NLD ပါတီထိပ်တန်းခေါင်းဆောင် ဦးဝင်းထိန်နဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းတို့ တွေ့ဆုံအပြီးမှာ ဦးဝင်းထိန် က အခုလိုပြောလိုက်တာဖြစ်ပါတယ်။

ဦးဖြိုးမင်းသိန်းဟာ ဒီကနေ့မနက်ပိုင်းက နေပြည်တော်ကိုရောက်ရှိပြီး နိုင်ငံတော်သမ္မတရုံး ရုံးအမှတ် (၁၈) မှာ ပြုလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနားကျင်းပရေး အစည်းအဝေးတက်ရောက်ခဲ့ပြီး NLD ပါတီခေါင်းဆောင် ဦးဝင်းထိန်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) မလိုအပ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြီးခဲ့တဲ့ ရက်ပိုင်းက စင်္ကာပူနိုင်ငံကို ရောက်ရှိစဉ်ပြောကြားခဲ့ပါ တယ်။

အဲ့ဒီအတွက် မနေ့က ဇူလိုင်လ ၇ ရက်နေ့က အင်းစိန်ရွာမကျောင်းတိုက်မှာ မဘသ ဦးဆောင် ဆရာတော်တွေက အထူးအစည်းအဝေးပြုလုပ်ခဲ့ကာ ဦးဖြိုးမင်းသိန်း ပြောကြားခဲ့တဲ့စကားအတွက် ဇူလိုင်လ ၁၄ ရက်မတိုင်ခင် တောင်းပန်ဖြေရှင်းဖို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

တောင်းပန်တာမလုပ်ဘူးဆိုရင် ဆန္ဒပြတာတွေနဲ့ လက်မှတ်ကောက်ခံတဲ့ လှုပ်ရှားမှုတွေ လုပ်သွားဖို့ရှိတယ်လို့ မဘသ က ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မဘသအဖွဲ့ရဲ့ တောင်းဆိုချက်ကို ဦးဝင်းထိန် တုန့်ပြန်  မဘသအဖွဲ့ရဲ့ တောင်းဆိုချက်ကို ဦးဝင်းထိန် တုန့်ပြန် Reviewed by THITHTOOLWIN on 18:19 Rating: 5
Powered by Blogger.