မင်္ဂလာဒုံမြို့နယ် တိလောကရပ်ကွက်မှာ ကူးစက်မြန် ဆုံဆို့နာရောဂါ စိုးရိမ်စရာအခြေအနေမရှိတော့


ရန်ကုန် - ဇူလိုင် ၂၃

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာ တိလောကရပ်ကွက်မှာ ကူးစက်မြန် ဆုံဆို့နာ ( Diphtheria ) ရောဂါဖြစ်ပွားမှုအခြေအနေစိုးရိမ်စရာမရှိတော့ဘူးလို့ မင်္ဂလာဒုံမြို့နယ် ကျန်းမာရေးဦးစီးမှုး ဦးထွန်းကျော်နိုင်ကပြောပါတယ်။

လူဦးရေ စုစုပေါင်း ၂၂၂၇ ဦးနေထိုင်တဲ့ တိလောကရပ်ကွက်မှာ အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦး ကူးစက်မြန်ဆုံဆို့နာ ရောဂါလို့သံသယရှိပြီး ဟယ်ပင် ကလေးဆေးရုံကို အရေးပေါ်တက်ရောက်ကုသခဲ့ရပါတယ်။ ဇူလိုင်လ ၂၂ ရက် နေ့ ညနေမှာ တိုင်းကျန်းမာရေးဦးစီးဌာနက ရပ်ကွက်အတွင်းနေထိုင်သူတွေကို အပြင်ထွက်သွားလာခွင့်မပြုလုပ်ဖို့ ညွှန်ကြားထားခဲ့ပါတယ်။

ဦးထွန်းကျော်နိုင်က “ညွှန်ကြားချက်ရခြင်းပဲ ကျွန်တော်တို့ ကွင်းဆင်းပြီး ၊ ကာကွယ်ဆေးတိုက်ကျွေးတာတွေလုပ်ခဲ့ပါတယ်။ စိုးရိမ်စရာအခြေအနေတော့ မရှိတော့ပါဘူး “ လို့ပြောပါတယ်။


ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူများအနေဖြင့် တိလောကရပ်ကွက်အတွင်းနေထိုင်သူတွေကို ကူးစက်မြန်ဆုံဆို့နာရောဂါ ကာကွယ်ဆေးတိုက်ကျွေးမှုများ ၊ စစ်ဆေးမှုများကို လိုက်လုပ်ပေးပြီး သည်ကနေ ညနေ ၃ နာရီအချိန်မှာ ရပ်ကွက်အတွင်းနေထိုင်သူများကို အပြင်သွားလာခွင့်ကန့်သတ်မှုရုတ်သိမ်းကြောင်း တိုင်းကျန်းမာရေးဦးစီးဌာနက ညွှန်ကြားခဲ့တယ်လို့ တိလောက ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးအောင်မြင့်ဦးကပြောပါတယ်။

“ဆေးရုံတင်ထားရတဲ့ ကလေးမလည်း အခြေအနေကောင်းပါတယ် “ လို့ တိလောကရပ်ကွက် ဆယ်အိမ်မှုး ဦးခင်ဝင်းကပြောပါတယ်။

Diphtheria လို့ခေါ်တဲ့ ကူးစက်မြန်ဆုံဆို့နာရောဂါဟာ လေထုမှတစ်ဆင့်ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပြီး ရောဂါလက္ခဏာအနေနဲ့ အဖျားဝင်ခြင်း ၊ လည်ချောင်းနာခြင်း ၊ အာသီးရောင်ခြင်း အပြင် ခံတွင်းထဲမှာ အဖတ်ငယ်လေးများထွက်လေ့ရှိပြီး အသက်ရှုလမ်းကြောင်းပိတ်ဆို့ပြီး အသက်ရှုမ၀ဖြစ်ကာ အချိန်မှီမကုသနိုင်ပါက တစ်ရက်နှစ်ရက်အတွင်းသေဆုံးနိုင်တယ်လို့ မင်္ဂလာဒုံမြို့နယ် ကကျန်းမာရေးဦးစီးမှုး ဦးထွန်းကျော်နိုင်ကပြောပါတယ်။

ကာကွယ်ဆေးသောက်သုံးပြီး ကြိုတင်ကာကွယ်နိုင် ကူးစက်မြန်ဆုံဆို့နာ ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ဖို့ ဆုံဆို့နာကွာကွယ်ဆေး ၄၀ မီလီဂရမ်ပါ ဆေးကို သောက်သုံးနိုင်ပြီး ၊ ရောဂါစတင်ဖြစ်ပွားတဲ့ အချိန်ကစလို့ ဆယ်ရက်ခန့်နေ့စဉ်သောက်သုံးပါက ပျောက်ကင်းနိုင်တယ်လို့ သိရပါတယ်။

Author/ ဖိုးစိုးသူ
Photo/ စစ်ထက်အောင်
Kumudra
https://www.facebook.com/newsKumudra/
မင်္ဂလာဒုံမြို့နယ် တိလောကရပ်ကွက်မှာ ကူးစက်မြန် ဆုံဆို့နာရောဂါ စိုးရိမ်စရာအခြေအနေမရှိတော့  မင်္ဂလာဒုံမြို့နယ် တိလောကရပ်ကွက်မှာ ကူးစက်မြန် ဆုံဆို့နာရောဂါ စိုးရိမ်စရာအခြေအနေမရှိတော့ Reviewed by THITHTOOLWIN on 19:13 Rating: 5
Powered by Blogger.