တည်းခိုခန်းတွင် လာရောက် တည်းခိုနေထိုင်သူထံမှ လက်ပစ်ဗုံး(၁)လုံးတွေ့


(6-7-2016) ဇူလိုင်လ (၆)ရက်နေ့ ယနေ့နံနက်(၂)နာရီအချိန်ခန့်က လားရှိုးမြို့၊ အမှတ်(၉)ရပ်ကွက်၊ နယ်မြေ(၉)၊ ဘူတာလမ်းရှိ “ပွင့်သီရိ”တည်းခိုခန်း၊ အခန်းအမှတ်(၁၆)တွင် လာရောက် တည်းခိုနေထိုင်သူထံမှ လက်ပစ်ဗုံး တစ်လုံးတွေ့ရှိကြောင်း သတင်းရရှိပါသည်။


လားရှိုးနယ်မြေရဲတပ်ဖွဲ့စခန်း(ယခင် အမှတ်-၂ ရဲတပ်ဖွဲ့စခန်း)မှ စခန်းမှူး ရဲအုပ်နိုင်လင်း ဦးစီးသောအဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်၍ အခန်းအမှတ်(၁၆)အား ၀င်ရောက် စစ်ဆေးခဲ့ရာ ယင်းအခန်းတွင် တည်းခိုနေထိုင်သူ ဦးရဲနိုင်ထွန်း နှင့် ဇနီးဖြစ်သူ ဒေါ်လှလှဝင်း တို့(၂)ဦးအား တွေ့ရှိပြီး ၎င်းတို့အိပ်သည့် ကုတင်ခြေရင်းရှိ ကျောပိုးအိတ်အတွင်းမှ 91 အမျိုးအစား၊ သံကိုယ်ထည် လက်ပစ်ဗုံး ၁ လုံး (စနက်တံမပါ)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ပစ်ဗုံးတွေ့ရှိရမှုနှင့် ပတ်သက်၍ ဦးရဲနိုင်ထွန်း(ဘ)ဦးတင်လှိုင်၊ အသက်(၄၀)နှစ်၊ ဗမာ/ဗုဒ္ဓ၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် နေထိုင်သူအား လားရှိုးနယ်မြေရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရပါသည်။

Nay Myo
တည်းခိုခန်းတွင် လာရောက် တည်းခိုနေထိုင်သူထံမှ လက်ပစ်ဗုံး(၁)လုံးတွေ့  တည်းခိုခန်းတွင် လာရောက် တည်းခိုနေထိုင်သူထံမှ လက်ပစ်ဗုံး(၁)လုံးတွေ့ Reviewed by THITHTOOLWIN on 10:33 Rating: 5
Powered by Blogger.