မုံရွာတက္ကသိုလ်နယ်မြေအတွင်းရှိ ပုဂ္ဂလိကပိုင်ဘော်ဒါဆောင်များအနီး၌ ဒုတ်၊ဓား ကိုင်ဆောင်၍ ဂစ်တာတီးအုပ်စုအဖွဲ့ များပြားလာ


မုံရွာ၊ ဇူလိုင် ၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ချမ်းမြ၀တိရပ်ကွက်၊ မုံရွာတက္ကသိုလ်နယ်မြေအတွင်းရှိ ပုဂ္ဂလိကပိုင် ဘော်ဒါဆောင်များအနီးတွင် ဇူလိုင် ၄ ရက်နေ့ညက ဒုတ်၊ ဓားများကိုင်ဆောင်၍ လူငယ်တချို့သည် အုပ်စုဖွဲ့၍ ဂစ်တာတီးသီချင်းဆိုလျက်ရှိသည်။


မုံရွာမြို့၏ တက္ကသိုလ်နယ်မြေတွင် လွန်ခဲ့သော ပညာသင်နှစ်များက ယင်းကဲသို့ အုပ်စုဖွဲ့လူငယ်များ ပုဂ္ဂလိကပိုင် ဘော်ဒါဆောင်များအနီးတွင် ဂစ်တာတီး သီချင်းဆိုရာမှ ခိုက်ရန်ဖြစ်ပွားပြိးနောက် လူသတ်မှုကျူးလွန်သည်အထိ မှုခင်းဖြစ်စဉ်များပေါ်ပေါက်ခဲ့ကြောင်း သတင်းမှတ်များအရ သိရသည်။
`` ပညာသင်လာတဲ့ ကလေးတွေဟာ ပညာဘဲသင်ကြားစေချင်တယ် ..။ မိဘအုပ်ထိန်းမှုအောက်က လွတ်ပြီဆိုပြီး ထင်ရာစိုင်တာမျိုးမဖြစ်သင့်ဘူး .. သက်ဆိုင်ရာကလည်း ကိုယ့်သားသမီးအရင်းကဲသို့ စာနာပြီး ထိန်းကျောင်းကြပ်မတ်ပေးဖို့လိုပါတယ်...´´ ဟု အငြိမ်းစား ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။


လွန်ခဲ့သော ပညာသင်နှစ်များက ရေကူးကန်လမ်းတွင်၎င်း၊ စီးပွားရေးတက္ကသိုလ်ကျောင်းရှေ့အနီးနေရညတွင်၎င်း၊ အုတ်ကန်တောရ ကျောင်းရှေ့နေရာတွင်၎င်း၊ မုံရွာတက္ကသိုလ်အနောက်ပေါက် မဟာဗန္ဒုလလမ်းပေးရှိ အမျိုးသမီးဆောင် တစ်ဆောင်ရှေ့နေရာတွင်၎င်း လူငယ်တချို့ အုပ်စုဖွဲ့ ဂစ်တာတီးသီးချင်းဆိုရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ လူသတ်မှုများဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ပညာသင်ကြားရန် လာရောက်သော နယ်မှ ကျောင်းသားတချို့သည် မှုခင်းဖြစ်ပွားမှုများကြောင့် တက္ကသိုလ်ပညာအား ဆက်လက်၍ သင်ကြားနိုင်ခြင်းမရှိဘဲ အမှုဖြင့် ထွက်ပြေးတိမ်းရှောင်သွားကြသည်။ ယင်းကဲသို့ အလာတူပြသနာ ကိစ္စရပ်များဖြစ်ပွားပေါ်ပေါက်လာမည်ကို ကျောင်းသားမိဘများက စိုးရိမ်လျက်ရှိကြောင်း သိရှိရသည်။


ထို့အပြင် မုံရွာနယ်မြေရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါ တက္ကသိုလ်နယ်မြေဘက်သို့ ကင်းလှည့်ဆောင်ရွက်သော်လည်း ရဲတပ်ဖွဲ့ဝင်အင်အားမှာ လုံလောက်မှုမရှိကြောင်း ဒေသခံပြည်သူများမှ မြင်တွေ့ရလျက်ရှိသည်။

ဓာတ်ပုံ = ရဲရင့်
ကိုတိုး ချင်းတွင်း
https://www.facebook.com/KoToeChinDween
မုံရွာတက္ကသိုလ်နယ်မြေအတွင်းရှိ ပုဂ္ဂလိကပိုင်ဘော်ဒါဆောင်များအနီး၌ ဒုတ်၊ဓား ကိုင်ဆောင်၍ ဂစ်တာတီးအုပ်စုအဖွဲ့ များပြားလာ  မုံရွာတက္ကသိုလ်နယ်မြေအတွင်းရှိ ပုဂ္ဂလိကပိုင်ဘော်ဒါဆောင်များအနီး၌ ဒုတ်၊ဓား ကိုင်ဆောင်၍ ဂစ်တာတီးအုပ်စုအဖွဲ့ များပြားလာ Reviewed by THITHTOOLWIN on 08:15 Rating: 5
Powered by Blogger.