မိုးနဲမြို့  နဝမတန်းကျောင်းသူအား သတ်သွားသူ မောင်စိုင်းခေးဆိုင် မိပြီ
ဇူလိုင်လ ၂၄-၂၀၁၆
မောင်စိုင်းခေးဆိုင် အား ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း ဒုရဲမှူး မြင့်နိုင်မှ ပြောကြားသည်။
မိုးနဲမြို့ မှ အကြွေစောတဲ့ ပန်းလေးတပွင့်
ဇူလိုင် ၁၄-၂၀၁၆
အထက ကျောင်းမှ နဝမတန်း(ခ) ကျောင်းသူလေး အဖြူ၊ အစိမ်းလေး နဲ့  လူမဆန်စွာ ရက်ရက်စက်စက်ဓားဖြင့် ခုတ်သွားတဲ့ အဖြစ်အပျက် တခါမှ မကြားဖူး မကြုံဖူးတဲ့ လုပ်ရပ်ပါ ဥယာဉ်ရပ် ၊သစ်တောဦးစီးဌာရုံးရှေ့  (၁၂)နာရီခွဲ အချိန် ကျောင်းသူလေး မနန်းဖွေလောဝ် (၁၄)နှစ် (ဘ) စိုင်းရီထွန်း လွိုင်မြေ ရပ်ကွက်နေသူ အား စိုင်းခေးဆိုင် (၁၆)နှစ် (ဘ) လုံးစိုင်းလွိုင်မြေရပ်ကွက် နေသူမှ အသွား(၁၁)လက္မ၊ အရိုး(၁၅)လက္မ
ရှိ ဓါးဦးချွန်ဖြင့် ခုတ်ပြီး ထွက်ပြေးပြီ ရက်စက်ပါပေ့ဗျာ ဘယ်လိုရန်ငြိုးများရှိပါလိမ့်။
မနန်းဖွေးလောဝ်မှာဖြင့် ယာဘက်ဂျို ဆောင်းပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ဦးခေါင်းနဖူးစပ်ပြတ်ရှဒဏ်ရာ (၁)ချက်၊ ဝဲဘက်ပေါင် ထိုးသွင်းဒဏ်ရာ (၂)ချက်၊ ယာဘက်လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ(၁)ချက် ရရှိသောဒဏ်ရာတွေနဲ့ ပဲ မိုးနဲမြို့ ဆေးရုံမှာ နေ့ လည် (၂)နာရီ (၂၀)မိနစ် အချိန် မလှမပ သေဆုံးသွားပြီပေါ့၊
 ဆိုင်ရာတွေ အလုပ်ရှုပ်ရပြီ မိုးနဲ မြို့ မ စခန်းမှ တိုင်တန်းချက် ဖွင့်လာတော့ (ပ) ၁၀/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ -၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားပြီ မောင်စိုင်းခေးဆိုင် ထွက်ပြေးနေဆဲ ရဲတပ်ဖွဲ့ ဝင်တွေလည်း ဖမ်းဆီးနိုင်ရေး ပိတ်ဆို့ ရှာဖွေရပြီ မိဘတွေလည်း ပူပင်သောကတွေနဲ့  ကြားရသူတွေလည်း စိတ်မကောင်းကြီးစွာနဲ့  ရက်စက်လွန်းသူ တယောက်ကြောင့် သြော် အကြွေစောတဲ့ ပန်းလေးတပွင့် ရယ် ကောင်းရာဘုံဘဝရောက်ရှိ ပါစေ ------
မိုးနဲမြို့  နဝမ တန်းကျောင်းသူလေး မနန်းဖွေးလောဝ် ၏ေ နာက်ဆုံးခရီး ကို လိုက်ပါပို့ ဆောင်သူ အလွန်များ ကောင်းရာဘဝ ရောက်ပါစေ မိသားစုနဲ့ အတူ ထပ်တူထပ်မျှ ဆုတောင်းပေးပါတယ်။။ မိုးနဲသတင်းမီဒီယာ
ငှက်ဆိုးသိုက်
မိုးနဲ သတင်းမီဒီယာ
https://www.facebook.com/hpoekhour/
မိုးနဲမြို့  နဝမတန်းကျောင်းသူအား သတ်သွားသူ မောင်စိုင်းခေးဆိုင် မိပြီ  မိုးနဲမြို့ နဝမတန်းကျောင်းသူအား သတ်သွားသူ မောင်စိုင်းခေးဆိုင် မိပြီ Reviewed by THITHTOOLWIN on 20:14 Rating: 5
Powered by Blogger.