ပခုက္ကူမြို့ မြို့ရှောင်လမ်းအနီး လူသတ်မှုဖြစ်ပွား


ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာ၊ မြို့ရှောင်လမ်းအနီးယာခင်းအတွင်းမှ အမျိုးသားတစ်ဦးအား ဒဏ်ရာများဖြင့် သေဆုံးလျှက် အမျိုသမီးတစ်ဦးအား(စိုးရိမ်ရ) ဒဏ်ရာများဖြင့် ဇူလိုင် ၂၃ ရက်နေ့ နံနက်ပိုင်း က တွေ့ရှိခဲ့ကြောင်း ပခုက္ကူမြို့မရဲစခန်းမှသိရသည်။


 ဖြစ်စဉ်မှာ ဇူလိုင် ၂၃ ရက်နံနက် ၈ နာရီအချိန်က ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာအုပ်စု၊ချောက်ကန်ကျေးရွာ မြိ့ရှောင်လမ်းဘေးတွင် အမည်မသိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သွေးများဖြင့်လဲကျနေကြောင်း သတင်းအရ ပခုက္ကူမြို့မရဲစခန်းမှူးဒုရဲမှူးကျော်စိုး၊ ဒုရဲအုပ်ကျေ်မင်း၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဟန်နိုင်ဝင်းပါဝင်သော အဖွဲ့သွားရောက်စစ်ဆေး ခဲ့ခြင်းဖြစ်သည်။


 မြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၀/၇)၏မြောက်ဘက် ရွှေဗျိုင်းဖြူစက်သုံးဆီဆိုင်၏ အနောက်ဘက်ကိုက် ၅၀၀ ခန့်အကွာ ယာခင်းအတွင်းရှိ သစ်ပင်အောက်တွင် အမည်မသိအမျိုးသား၊အသက် ၃၀ နှစ်ခန့်(အဖ၊အလုပ်အကိုင်၊ နေရပ်စုံစမ်းဆဲ)တွင် ဦးခေါင်းနောက်စေ့ဝဲဘက်ပေါက်ပြဲ၊ဦးခေါင်းငယ်ထိပ်ပေါက်ပြဲ၊နောက်စေ့တည့်တည့်ပေါက်ပြဲ၊ ယာမျက်လုံးဖူးရောင်ဒဏ်ရာ(သေဆုံး)နှင့် အမည်မသိအမျိုးသမီး၊အသက် ၃၈ နှစ်ခန့်(အဖ၊အလုပ်အကိုင်၊နေရပ်စုံစမ်းဆဲ)တွင် နဖူးပေါက်ပြဲ၊ ဦးခေါင်းငယ်ထိပ်ပေါက်ပြဲ၊ ဝဲလက်ခုံဖူးရောင်၊ ဝဲလက်သူကြွယ်ပွန်းဒဏ်ရာ၊ အသက်ရှူလျှက်၊စကားမပြောနိုင်(စိုးရိမ်ရ)ဒဏ်ရာဖြင့်လဲကျနေသည်ကိုတွေ့ရှိခဲ့သဖြင့် အမည်မသိအမျိုးသမီးအား ပခုက္ကူမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားရှိခဲ့ခြင်းဖြစ်ကြောင်းအမှုစစ်၏ကနဦးစစ်ဆေးချက်အရသိရသည်။

 ဖြစ်စဉ်နှင့်ပက်သက်၍အမည်မသိအမျိုးသားအား သေ ဆုံးအောင်ပြုလုပ်သူ နှင့်အမည်မသိအမျိုးသမီးအား အပြင်းအထန်နာကျင်ဒဏ်ရာ များရရှိအောင်ပြုလုပ်သူ တရားခံအား စုံစမ်းဖော်ထုတ် အရေးယူပေးရန် ဒုရဲအုပ်ကျော်မင်းမှတရားလိုပြုတိုင်ကြားခဲ့သဖြင့် ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်းမှ (ပ)၇၇၂/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၅ ဖြင့်အမှုဖွင့်ထားရှိပြီး အမှုစစ် ဒုရဲမှူးကျော်စိုးမှ တရားခံအမြန်ဆုံး ဖမ်းဆီးနိုင်ရေး စုံစမ်းစစ်ဆေးလျှက်ရှိကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ပခုက္ကူမြို့ မြို့ရှောင်လမ်းအနီး လူသတ်မှုဖြစ်ပွား   ပခုက္ကူမြို့ မြို့ရှောင်လမ်းအနီး လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:50 Rating: 5
Powered by Blogger.