၂၁ရာစု ပင်လုံကို ဝ နဲ့ မိုင်းလားအဖွဲ့တွေ တက်ဖို့ တိုက်တွန်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဝနဲ့ မိုင်းလား အထူးဒေသက တိုင်းရင်းသားတွေ တွေ့ဆုံအပြီး အမှတ်တရ ဓါတ်ပုံရိုက်စဉ်
(နိုင်င်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝနဲ့ မိုင်းလားအဖွဲ့က ခေါင်းဆောင်တွေ ဇူလိုင်လ ၂၉ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာ တွေ့ဆုံဆွေးနွေးစဉ်) Photo: Win Ko Ko Latt/RFA
၂၁ ရာစု ပင်လုံညီလာခံကို ဝ နဲ့ မိုင်းလားအဖွဲ့တွေ နှစ်ဖွဲ့စလုံး တက်ရောက်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တိုက်တွန်းပြောလိုက်ပါတယ်။

နေပြည်တော် သင်္ဂဟဟိုတယ်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့တာလို့ နိုင်ငံတော်သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

ဝနဲ့ မိုင်းလားအဖွဲ့တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေတဲ့ ၂၁ ရာစုပင်လုံညီလာခံကို ယုံကြည်ကြောင်း ပြောပါတယ်။ ဒါ့အပြင် စေ့စပ်ညှိုနှိုင်းရေးနည်းလမ်းနဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်မှာကို လက်ခံကြကြောင်း ဦးဇော်ဌေး က ပြောပါတယ်။

ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့နဲ့ မိုင်းလားအဖွဲ့တို့ဟာ ၂၁ ရာစုပ င်လုံညီလာခံအကြိုပြင်ဆင်ရေး ကော်မတီနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ဆက်လက်ပြီး အေသးစိတ်ဆွေးနွေးကြမှာဖြစ်ပါတယ်။

အဲ့ဒီအဖွဲ့ ၂ ဖွဲ့ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာလည်း ဆက်လက်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
၂၁ရာစု ပင်လုံကို ဝ နဲ့ မိုင်းလားအဖွဲ့တွေ တက်ဖို့ တိုက်တွန်း ၂၁ရာစု ပင်လုံကို ဝ နဲ့ မိုင်းလားအဖွဲ့တွေ တက်ဖို့ တိုက်တွန်း Reviewed by THITHTOOLWIN on 17:33 Rating: 5
Powered by Blogger.