ဓားပြသံသယရှိသဖြင့် စင်ကာပူဘဏ် အရေးပေါ်ပိတ်


စင်ကာပူနိုင်ငံ Holland Village ရှိ Standard Chartered ဘဏ်ခွဲအား လုံခြုံရေး စစ်ဆေးနေစဉ် (ဓာတ်ပုံ-အင်တာနက်)
    စင်ကာပူ ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

    စင်ကာပူနိုင်ငံရှိ Standard Chartered ဘဏ်ခွဲသည် ဓားပြ အတိုက်ခံရသည်ဟု သံသယရှိသဖြင့် ဇူလိုင်လ ၇ ရက် မွန်းလွဲပိုင်းတွင် အရေးပေါ် ပိတ်လိုက်ရကြောင်း သိရသည်။

မျက်မြင်သက်သေများ အဆိုအရ Holland Village တွင် ဖွင့်လှစ်ထားသည် ဘဏ်ခွဲကို မွန်းလွဲပိုင်းတွင် အရေးပေါ် ပိတ်သိမ်းလိုက်ရကြောင်း နှင့် ယခုအခါ ၄င်းနေရာ အနီးတဝိုက်တွင် လုံခြုံရေး တပ်ဖွဲ့ ဝင်များက ဝိုင်းရံထားကြောင်း သိရသည်။

စင်ကာပူနိုင်ငံ Holland Village ရှိ Standard Chartered ဘဏ်ခွဲအား လုံခြုံရေး စစ်ဆေးနေစဉ် (ဓာတ်ပုံ-အင်တာနက်)
စင်ကာပူ ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဓားပြတိုက်သည့် သတင်းပေးပို့မှုကို လက်ခံ ရရှိခဲ့သည်မှာ မှန်ကန်ကြောင်းနှင့် ၄င်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်းသမားများအား ပြောကြားသည်။ သို့သော် ၄င်းဘဏ်မှာ အမှန်တကယ် ဓားပြ အတိုက်ခံလိုက်ရသလား ဆိုသည်ကိုမူ အတည်ပြု ပြောကြားခြင်း မရှိပါ။

(Xinhua)
http://www.xinhuamyanmar.com
ဓားပြသံသယရှိသဖြင့် စင်ကာပူဘဏ် အရေးပေါ်ပိတ်  ဓားပြသံသယရှိသဖြင့် စင်ကာပူဘဏ် အရေးပေါ်ပိတ် Reviewed by THITHTOOLWIN on 15:56 Rating: 5
Powered by Blogger.