ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရန်ကုန်သို့ ပြန်လည်ရောက်ရှိ၊ မဘသအဖွဲ့အစည်း မလိုတော့ကြောင်း ထပ်မံပြောကြား
စင်ကာပူနိုင်ငံသို့ ၃ ရက်ကြာ လေ့လာရေးခရီးသွားရောက်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ယနေ့ (ဇူလိုင် ၆) ညနေ ၅ နာရီဝန်းကျင်တွင် ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
ဦးဖြိုမင်သိန်းသည် စင်ကာပူရောက် မြန်မာများနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ (မဟန) ရှိပြီးဖြစ်၍ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဟူ၍ ထပ်မံထားရှိရန် မလိုအပ်ကြောင်း ပြောကြားခဲ့ပြီး ယင်းပြောဆိုမှုအပေါ် ထောက်ခံသူများရော ဝေဖန်သူများပါ ရှိခဲ့သည်။
ဦးဖြိုးမင်းသိန်းအား ရန်ကုန်လေဆိပ်တွင် လာရောက်ကြိုဆိုသူ ၅၀ ဦးခန့်နှင့် ကန့်ကွက်ဆန္ဒပြသူ ၁၀ ဦးခန့်ရှိကြောင်း သိရသည်။
အဆိုပါ ပြောကြားချက်နှင့်ပတ်သက်၍ ဦးဖြိုးမင်းသိန်းက သတင်းထောက်များ၏မေးမြန်းမှုကို ဖြေကြားရာတွင် “မဘသရှိစရာ မလိုတော့ဘူး”ဟု ထပ်မံဖြေကြားခဲ့သည်။
ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရန်ကုန်သို့ ပြန်လည်ရောက်ရှိ၊ မဘသအဖွဲ့အစည်း မလိုတော့ကြောင်း ထပ်မံပြောကြား
Reviewed by THITHTOOLWIN
on
19:06
Rating:
