အမြန်လမ်းတွင် ဘုရားဖူးကားအား တုတ်ဖြင့် ပစ်ပေါက်သူအား ဖမ်းဆီးအရေးယူ
ကျောက်တံခါး - ဇူလိုင် ၁၉
ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့ နယ် အမြန်လမ်း ရဲစခန်းအပိုင်တွင် ဇူလိုင်လ ၁၉ ရက်နေ့ က ဘုရားဖူးရာမှ ပြန်လာသည့် ကားအား လူတစ်ဦးမှ တုတ်ဖြင့် ပစ်ပေါက် ခဲ့ကြောင်း သိရပါသည်။
ကားရပ်ရန် အရှိန်လျှော့နေစဉ် တုတ်ကိုင်ထားသော လူမှ ကားနောက်ခန်းတွင်ရှိ လိုက်ပါလာသူများထံသို့  ၄င်းကိုင်ဆောင်ထားသော တုတ်ဖြင့် ပစ်ပေါက်လိုက်ပါသည်။
ယင်းသို့ ပစ်ပေါက်ခဲ့ရာတွင် ယာဉ်ပေါ်တွင် လိုက်ပါလာသူများ အနက်မှ မရီရီဝင်းအား ပစ်ပေါက်မိခဲ့သောကြောင့် မရီရီဝင်း လက်တွင် လက်ကောက်ဝတ် ဖူးယောင် ဒဏ်ရာရရှိခဲ့ကြောင်း တုံကန်ရဲစခန်းသို့ အကြောင်းကြား တိုင်းကြား လာပါသည်။
အဆိုပါ တိုင်ကြားချက်အရ မြို့ ချောင်းအမြန်လမ်း ရဲစခန်းမှ အချိန်နှင့် တပြေးညီ တရားခံအား လိုက်လံရှာဖွေ ခဲ့ရာတွင် စိုးဝင်း ၃၆နှစ် သံပရာခုံရွာ နေသူအား မသင်္ကာဖွယ်ရာ တွေ့ ရှိခဲ့ရသဖြင့် မရီရီဝင်းအား ပြသခဲ့ရာ ၊ မိမိတို့ အား တုတ်ဖြင့် ပစ်ပေါက်သူမှာ ထိုသူဖြစ်ကြောင်း ထွက်ဆိုခဲ့ပါသည်။
တုတ်ဖြင့် ပစ်ပေါက်သူ စိုးဝင်းအား အမြန်လမ်း နယ်မြေ ရဲစခန်းမှ ပ ၅၊ ၅၃/၁၆ ရာဇသတ်ကြီး ပုဒ်မ ၂၇၉ က ၃၂၄/၄၄၀ တို့ ဖြင့် အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်ထားကြောင်း သိရပါသည်။
ခင်ကို (ကျောက်တံခါး)
အမြန်လမ်းတွင် ဘုရားဖူးကားအား တုတ်ဖြင့် ပစ်ပေါက်သူအား ဖမ်းဆီးအရေးယူ အမြန်လမ်းတွင် ဘုရားဖူးကားအား တုတ်ဖြင့် ပစ်ပေါက်သူအား ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 04:22 Rating: 5
Powered by Blogger.