အခွန်စနစ်ပြောင်းဖို့ လွှတ်တော်မှာ ဆွေးနွေး

(ဇူလိုင်လ ၂၈ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အခွန်ကောက်ခံတဲ့စနစ်နဲ့ ပတ်သက်ပြီး ဒဂုံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က ဆွေးနွေးစဉ်) Photo: Win Naung Toe/RFA
မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးစတဲ့ ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတိုးတက်ဖို့အတွက် အစိုးရအနေနဲ့ အခွန်ကောက်ခံမှုစနစ်ကို ပြောင်လဲကျင့်သုံးဖို့လိုအပ်ကြောင်း ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြပါတယ်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံဟာ အာဆီယံမှာ အခွန်ကောက်ခံရရှိမှု အနည်းဆုံး နိုင်ငံဖြစ်နေတဲ့အတွက် အခွန်ကောက်ခံတဲ့စနစ်ကို ပြင်ဆင်ကောက်ခံသင့်တယ်လို့ ဒဂုံမဲဆန္ဒနယ်က ဒေါက်တာသက်သက်ခိုင်က ဆွေးနွေးသွားပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ၂ဝ၁၅-၂ဝ၁၆ ခုနှစ် ဒုတိယ ၆ လပတ် အခွန်ကောက်ခံရငွေ စာရင်းတွေအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကိုအခြေခံပြီး ဒီကနေ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြတာပါ။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အခွန်စနစ်ပြုပြင်ပြောင်းလဲရေး အတွက် ကမ္ဘာ့ဘဏ်၊ အပြည်အပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ် စတဲ့အဖွဲ့ အစည်းတွေရဲ့အကူအညီတွေနဲ့ ကောင်အထည်ဖော်လုပ်ဆောင်နေကြောင်း ပြောပါတယ်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများရဲ့ ဒုတိယ ၆ လပတ် အခွန်ရငွေ စုစုပေါင်းဟာ ကျပ် ၃၉၅၆ ဘီလီယံ ရရှိကြောင်း ဝန်ကြီးဌာနရဲ့စာရင်းမှာ ပါရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အခွန်စနစ်ပြောင်းဖို့ လွှတ်တော်မှာ ဆွေးနွေး  အခွန်စနစ်ပြောင်းဖို့ လွှတ်တော်မှာ ဆွေးနွေး Reviewed by THITHTOOLWIN on 18:22 Rating: 5
Powered by Blogger.