အမရပူရမြို့ နယ်မှာ လုယက်မှုကျူးလွန်သူများအား ရဲနှင့်ပြည်သူ ပူးပေါင်းဖော်ထုတ်ဖမ်းဆီး
လုယက်မှုကျူးလွန်သူများ
၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ ည ၁၀ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် OK ဆီဆိုင်နှင့် တံတားဖြူကြား မန္တလေး-စစ်ကိုင်း ကားလမ်းအတိုင်း ဆိုင်ကယ်စီးလာသူ အမျိုးသမီးတစ်ဦး၏ ပိုက်ဆံအိတ်အား အမျိုးသား(၄)ဦးမှ လုယူ၍ ပန်းချီရွာအတွင်း ထွက်ပြေးသွား ကြောင်းသိရသည်။
ဓါတ်ပုံ - အမရပူရလူမှုကွန်ယက် 
အလုခံရသူ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်နေ မစန်းစန်းမြင့်နှင့် အတူ  အမရပူရမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ငယ်တိုးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးမျိုးချစ်နှင့် ငယ်တိုးကျေးရွာသားများ လိုက်လံဖမ်းဆီးရာ ပိုက်ဆံအိတ် လုယူသွားသူများမှာ ပန်းချီကျေးရွာအတွင်းသို့ ဆိုင်ကယ်မောင်းနှင့် ထွက်ပြေးသွားသဖြင့် ပန်းချီကျေးရွာအုပ်စု ချောင်းခွရွာ အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ တိမ်ပြာရွာ ဆယ်အိမ်မှူး ဦးဝင်းခိုင်နှင့်အဖွဲ့ ပန်းချီကျေးရွာအုပ်စု တိမ်ပြာရွာမှ ရွာသူရွာသားများနှင့်အတူ ဝိုင်းဝန်းဖမ်းဆီးရာ ပိုက်ဆံအိတ် လုယူထွက်ပြေးသွားသူများအား ဖမ်းဆီးရမိခဲ့ပါသည်။
ထိုသို့ဖမ်းဆီးရာတွင် ၎င်းကျေးရွာ၌ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်နေ ဝင်းလွင်(၂၀)နှစ်၊ သံလျှက်မှော်အနောက်ရပ်ကွက်နေ သက်ပိုင်သူ(ခ)ပတ်ကြီး(ခ)အငယ်ကောင်(၂၃)နှစ်၊ မိုးကောင်ရပ်နေ ဖြိုးလမင်း(ခ)ဖိုးလပြည့်(၂၀)နှစ်နှင့် နတ်မောက်မြို့နယ်၊ စမ်းကုန်းရွာနေ ဌေးဝင်း(၁၉)နှစ်တို့(၄)ဦးအား လုယက်မှုကျူးလွန်ရာတွင် အသုံး ပြုသည့် ၄၇ယ/×××× KENBO Click-125 ခိုပြာရောင်ဆိုင်ကယ်(၁)စီး၊ Super Anbo-125 အနက်ရောင်ဆိုင်ကယ်(၁)စီး၊ သက်သေခံ ပိုက်ဆံအိတ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့(၄)ဦး အား အမရပူရမြို့မရဲစခန်း(ပ)၂၈၉/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
 နောက်တိုး ကွင်းဆက်တရားခံ ၂ဦးအားထပ်မံ ဖမ်ဆီး
 ဆက်လက်ပြီး နောက်တိုး ကွင်းဆက်တရားခံ ၂ဦးအားထပ်မံ ဖမ်ဆီးခဲ့ပါသည်။ ကျူးလွန်ခဲ့သည့် အမှုများအား ချုပ်ရီမာန်ယူ၍ ဆက်လက် စစ်ဆေး အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
BY သစ်ထူးလွင်
Powered by Blogger.