အမြန်လမ်းပေါ်ကလူလိမ်‬ (သို့) ‎နှလုံးအထူးကုခွဲစိတ်ဆရာဝန်ကြီးအတု‬


(၂၃.၇.၂၀၁၆)

ကျွန်တော်တို့ အမြန်လမ်းပေါ်မှာ တစ်ဖက်က အကူအညီပေးနေတာကို အခွင့်ကောင်းယူပြီး လိမ်လည်မှုတစ်ခု ယနေ့ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖြူးမြို့မရဲစခန်းမှ စခန်းမှူးစံလှ၊ ဒုရဲအုပ်ဇာနည်ဇော်၊ အမြန်လမ်းတပ်ဖွဲ့မှ ရဲအုပ်သူရစိုး တို့ပူးပေါင်းပြီး အချိန်နှင့်တပြေးညီဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

‪‎ဖြစ်စဉ်မှာ‬....
၂၃.၇.၂၀၁၆ နေ့လည် ၁၂နာရီ၄၅မိနစ်လောက်မှာ ကျွန်တော်တို့ ၁၁၅ မိုင်ယာဉ်ရပ်နားစခန်းရှိ ရွှေကျားစားသောက်ဆိုင်သို့ တင်မောင်ဦး(ဘ)ဦးတင်ဖေ အသက် ၄၀ ဝန်းကျင် လူငယ်တစ်ယောက်က ယာဉ်အမှတ် YGN 9I/3718 Alphard အဖြူရောင်ကားဖြင့် ရောက်ရှိလာပြီး မန်နေဂျာ ဦးဝေဇင်ထွန်းနှင့်တွေ့၍ ဆိုင်ပိုင်ရှင် ဦးဖိုးကျား(ခ)ဦးသိန်းထွေး အားပြောဆိုပြီးဖြစ်၍ ငွေကျပ် ၄၉သိန်းနှင့် စားသောက်စရာများထည့်ပေးလိုက်ရန်ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မန်နေဂျာ ကလည်းဆိုင်ပိုင်ရှင် ဦးကျား(ခ)ဦးသိန်းထွေးအားဖုန်းဖြင့် ဆက်သွယ်၍ မေးမြန်းကြည့်ရာ မသိရှိကြောင်းပြောကြားပြီး (၁၁၅)မိုင် ရဲကင်းမှူး ဒုရဲအုပ်ဇာနည်ဇော်အား ဖုန်းဖြင့်ဆက်၍ အကြောင်းကြားခဲ့ပါတယ်။

ရဲကင်းမှူး ဒုရဲအုပ်ဇာနည်ဇော် မှ ရွှေကျားစားသောက်ဆိုင်သို့ သွားရောက်၍ ငွေကျပ် (၄၉)သိန်းနှင့်စားသောက်စရာများ ယုံကြည်အောင်ပြောဆို၍ လာရောက်တောင်းခံသူ တင်မောင်ဦး အားသွားရောက် စစ်ဆေးခဲ့ရာ ဒေါက်တာ ဇေယျာကျော်လင်း(ဆမ-၁၆၀၅၂၇)၊နှလုံးအထူးကုခွဲစိတ်ဆရာဝန်ကြီး(ရွှေဂုံတိုင်အထူးကုဆေးခန်း၊SSC)၊ဖုန်းနံပါတ် 09-453526849 ဆိုသူမှ သွားရောက် ယူခိုင်းခြင်း ဖြစ်ကြောင်းသိရ၍ဆက်လက် စုံးစမ်းခဲ့ရာ SSC ဆေးရုံကြီးတွင် ဒေါက်တာ ဇေယျာကျော်လင်း အမည်ဖြင့် နှလုံးအထူးကုခွဲစိတ်ဆရာဝန်မရှိကြောင်းသိရှိရပါသည်။

၎င်းဖုန်းနံပါတ်အား ဆက်သွယ်၍မေးမြန်းခဲ့ရာ ဒေါက်တာဇေယျာကျော်လင်းဆိုသူဖြင့် ဖုန်းရခဲ့ပြီး ၆၂မိုင်တွင် 5D/9999 လင်ခရူဆာ အဖြူရောင်ကားပျက်နေ၍ ဖြစ်ကြောင်းသိရပြီး၊ ဆမ နံပါတ်ကိုလည်း ၎င်းနှလုံးခွဲစိတ်ဆရာဝန်ကြီးဆိုသူကပဲပြောခဲ့ကြောင်း ဒုရဲအုပ်ဇာနည်ဇော်မှ အမြန်လမ်းတပ်ဖွဲ့မှ နီးစပ်ရာရဲကင်းသို့အကူညီတောင်းစုံစမ်းရာ ၎င်းအမြန်လမ်းပိုင်းတွင်ပျက်ကားမရှိကြောင်းသိရပါသည်။

 ဒေါက်တာဇေယျာကျော်လင်းဆိုသူအား ထပ်မံဆက်သွယ်၍မေးမြန်းရာ မန္တလေးမှအထွက် အမြန်လမ်း ၆၂မိုင်ကိုပြောကြောင်းသိရ၍ ပြင်စည်အမြန်လမ်းရဲတပ်ဖွဲ့သို့ ထပ်မံအကူညီတောင်းစုံစမ်း ကြည့်ရာတွင်လည်း မည်သည့်ယာဉ်မျှမရှိကြောင်းကို သိရှိခဲ့ပါသည်။

ထို့ကြောင့်လာရောက်ငွေတောင်းခံသူ တင်မောင်ဦးအား ဥပဒေအရ ဆက်လက်စစ်ဆေးလျှက်ရှိပြီး နောက်ဆက်တွဲတရားခံများ ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် အပူတပြင်းဆောင်ရွက်လျှက်ရှိနေပါကြောင်းသိရပါသည်။

အလားတူဖြစ်စဉ်မျိုးကိုလွန်ခဲ့တဲ့ ၃လကျော်ခန့်က ကျွန်တော်တို့ ၁၁၅ မိုင်ဝန်းအတွင်းရှိ BMB WorkShop မှလည်းကြုံခဲ့ဘူးကြောင်းထပ်မံသိရှိရပြီး BMB ယာဉ်ပြင်လုပ်ငန်းမှ တာဝန်ခံ ဦးပါမှ တရားလိုပြုလုပ်၍တစ်ဆက်တည်းတိုင်တန်းခဲ့ပါသေးသည်။

‪‎BMB‬ ဖြစ်စဉ်မှာလည်း....
လွန်ခဲ့တဲ့၃လကျော်လောက်က
ဖုန်းနံပါတ် 09-453526849 မှဖုန်းဝင်လာပြီး ၆၂မိုင်တွင် ကားပျက်နေ၍အကူညီလိုအပ်ကြောင်းနှင့်သူဟာ နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးဒေါက်တာကျော်လင်းဖြစ်ပါကြောင်း၊ ဆွဲဖို့ကားတစ်စီးလွှတ်ပေးဖို့နဲ့ရေနှင့်စားသောက်စရာပစ္စည်းများပါတစ်ခါတည်းယူလာပေးဖို့ ရောက်ရင် ပိုက်စံတစ်ခါတည်းရှင်းပေးလိုက်မည်ဖြစ်ကြောင်း၊ ကားပေါ်ပါလာတဲ့သူရဲ့ ကလေးတွေလည်း ရေဆာနေကြပြီဖြစ်ကြောင်း၊ အခုသူက နေပြည်တော်မှာ လူနာတစ်ယောက်ကို အရေးပေါ် နှလုံးခွဲစိတ်ဖို့အတွက်သွားရင်း ယခုလိုလမ်းမှာ ကားပျက်နေတဲ့အကြောင်းပြောပြီး အကူညီတောင်းဖူးပါတယ်တဲ့၊ BMBရဲ့ ဖုန်းနံပါတ်ကို အရေးပေါ်ဖုန်းနံပါတ် 1880 ကနေရယူပြီးဆက်တယ်လို့သိရပါတယ်။

ပြီးတော့ပြောလိုက်ပါသေးတယ်တဲ့ လူတစ်ယောက်ရဲ့အသက်ကိုလည်းကူညီရာရောက်ပါတယ်တဲ့၊ဦးပါ လည်းပစ္စည်းတွေဝယ်ခြမ်းပြီးကားဆွဲဖို့အသွား လမ်းတစ်ဝက်ရောက်တော့ဖုန်းထပ်ဝင်လာတယ်လို့သိရပါတယ်။အခုသူကားမှာလိုအပ်နေတဲ့ပန်ကာကြိုးနဲ့ပစ္စည်းတွေကိုဝယ်ခိုင်းလိုက်တဲ့သူက ငွေမလောက်တော့လို့ ရန်ကုန်မှာ အသိမိတ်ဆွေတစ်ယောက်ယောက်ထံမှ ငွေ၃သိန်းခနဆိုက်ထုတ်ပေးထားဖို့နဲ့ ၁၁၅ မိုင်ရောက်ရင် ATM ကဒ်နဲ့ငွေထုတ်ပြီးချက်ခြင်းပြန်ပေးမယ်လို့ဆိုပါတယ်။

ဦးပါ လည်းရန်ကုန် ကားပစ္စည်းဆိုင်က မိတ်ဆွေဆီဖုန်းဆက်ပြီးဆရာဝန်ကြီးရဲ့တပည့်ငွေလာယူရင်ပေးလိုက်ဖို့ပြောလိုက်ပါတယ်။ ဦးပါ (၆၂) မိုင်ရောက်တဲ့အချိန်မှာတော့ ဘာကားအပျက်မှမတွေ့ရတော့ပါဘူး၊အဲဒါနဲ့ ဦးပါ လည်း သူ့မိတ်ဆွေထံ ပိုက်ဆံ၃သိန်းမထုတ်ပေးဖို့ဖုန်းအဆက်မှာ ငွေ၃သိန်းလာရောက်ထုတ်ယူသွားပြီလို့သိလိုက်ရပါတယ်။နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးရဲ့ဖုန်းဟာလည်း လုံးဝ မကိုင်တော့ပါကြောင်း.. ငွေ၃သိန်းနဲ့ အမှုမဖွင့်ချင်ပေမဲ့သက်ဆိုင်ရာ ရဲကင်း၊ ရဲစခန်းမှ အသိမိတ်ဆွေများကိုပြောပြခဲ့ဖူးသောထိုစကားကြောင့် ယနေ့အလားတူဖြစ်စဉ်ဖြစ်ပွားတာနဲ့ ဒုရဲအုပ်ဇာနည်ဇော်က BMB မှ ဦးပါ အား ရွှေကျားစားသောက်ဆိုင်သို့ လိမ်လည်ငွေတောင်းခံသူလူငယ်အားခေါ်ယူပြသပေးခဲ့ပါတယ်။ငွေတောင်းပုံတောင်းနည်းနှင့်ဖြစ်စဉ်ခြင်းကအလွန်တူနေပါတယ်။

အမှုအား
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖြူး မြို့မ ရဲစခန်းမှ စခန်းမှူးစံလှ၊၁၁၅ မိုင် ရဲကင်းမှူး ဒုရဲအုပ်ဇာနည်ဇော် နှင့်ရဲတပ်ဖွဲ့ဝင်များမှ ဆက်လက်စစ်ဆေးနေပါကြောင်း။
အသေးစိတ်သိရှိလိုပါက
စခန်မှူးစံလှ မြိုမရဲစခန်း ဖြူးမြို့။
095390406
09793390406

ရဲကင်းမှူး ဒုရဲအုပ်ဇာနည်ဇော် (၁၁၅မိုင်)
0943143468
09797720325
ကျွန်တော်ရဲ့မိတ်ဆွေများလည်း လူတိုင်းကိုမယုံမိစေဖို့အတွက် ဒီအမှုမှာ သက်သေအဖြစ်လိုက်ပါမဲ့ ...
ကျွန်တော် ဇော်မိုး ပိုင်အိုးနီးယား ၁၁၅ မှ တင်ပြလိုက်ရပါသည်ခင်ဗျာ။
ကျေးဇူးများစွာဖြင့်...

ဇော်မိုး ပိုင်အိုးနီးယား
အမြန်လမ်းပေါ်ကလူလိမ်‬ (သို့) ‎နှလုံးအထူးကုခွဲစိတ်ဆရာဝန်ကြီးအတု‬  အမြန်လမ်းပေါ်ကလူလိမ်‬ (သို့) ‎နှလုံးအထူးကုခွဲစိတ်ဆရာဝန်ကြီးအတု‬ Reviewed by THITHTOOLWIN on 13:56 Rating: 5
Powered by Blogger.