![]() |
မုံရွာဆိပ်ကမ်းတွင် တွေ့ရသည့် ရေယာဉ်များ။ ဓာတ်ပုံ-ဟိန်းလင်းသန့် |
ချင်းတွင်းမြစ်ရေတက်လာ၍ မုံရွာမြို့မှ မြစ်အထက်ပိုင်း သို့ ခရီးသည်နှင့် ကုန်စည်များ ပို့ဆောင်ရာ ရေယာဉ် အားလုံး ဇူလိုင် ၁၁ရက်မှ ၁၃ ရက်ထိ ပြေးဆွဲမှု သုံးရက် နားမည်ဖြစ်ကြောင်း ရေယာဉ်အသင်းများထံမှ သိရ သည်။
"မနေ့က အသင်းပိုင်ရှင်တွေ အစည်းအဝေးထိုင်ပြီး ဆုံး ဖြတ်လိုက်တာ။ အထက်ပိုင်းမှာက ဆိပ်ကမ်းတွေက လည်း ပျောက်နေပြီ"ဟု ရေယာဉ်မောင်း(ဆလင်) တစ် ဦးက ပြောသည်။
မုံရွာမြို့မှ ချင်းတွင်းမြစ်အထက်ပိုင်း ရေယာဉ်အစင်းရေ ၄၇၀ ကျော်ရှိသည်။ ချင်းတွင်းမြစ် အထက်ပိုင်းမြို့များ တွင် စိုးရိမ်ရေမှတ်များကျော်နေသော်လည်း ဇူလိုင် ၁၀ ရက်နေ့တွင် တိုင်းမြို့တော်မုံရွာမြို့၏ မြစ်ရေစိုးရိမ်ရေ မှတ်မှာ ၉၆၀ စင်တီမီတာ သို့ ရောက်နေကြောင်း သိရ သည်။
ချင်းတွင်းမြစ် ရေကြီးချိန်တွင် မြစ်အတွင်း နာမည်ကျော် သိုက်ဝဲ၊ရွှေစာရေးဝဲ၊လောင်းဂရိတ်ဝဲစသော စုပ်ဝဲ၊ မှုတ် ဝဲများအန္တရာယ်ရှိကြောင်း ရေယာဉ်မောင်းများက ပြော သည်။
ဟိန်းလင်းသန့်
CentralNewsMyanmar
https://www.facebook.com/CNMyanmar
မြစ်ရေတက်၍ ချင်းတွင်းမြစ်သွားရေယာဉ်များ သုံးရက်နားမည်
Reviewed by THITHTOOLWIN
on
19:26
Rating:
