စင်္ကာပူနိုင်ငံတွင် ၂၄ နာရီအတွင်း လူသတ်မှု ၂ မှုဖြစ်ပွားခဲ့


ဇူလိုင်လ ၉ ရက် စနေနေ့ညက စင်္ကာပူနိုင်ငံ Yishun Street 22 ရှိ Block 279 ၏ ၆ လွှာတွင် လူသေအလောင်းတစ်လောင်း တွေ့ရှိခဲ့ပြီး အဆိုပါ လူသေမှုနှင့်ပတ်သက်၍ မသင်္ကာသူ အသက် ၂၀ အရွယ် ယောက်ျားလေးတစ်ဦးကို ဖမ်းဆီးထားကြောင်း စင်္ကာပူရဲဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်အကျဉ်းမှာ...
ရဲဌာနမှ ဇူလိုင်လ ၉ ရက် ည ၇ နာရီ ၅၇ မိနစ်ခန့်တွင် အကူအညီတောင်းခံမှု တစ်ခုရရှိခဲ့ပါတယ်။ အဲဒီနောက် အခင်းဖြစ်ပွားရာနေရာသို့ ဆေးဘက်အကူအဖွဲ့နဲ့အတူ ရောက်ရှိခဲ့ပြီး ည ၈ နာရီ ၂၉ မိနစ်တွင် အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ အသက်မရှိတော့ကြောင်း အတည်ပြုခဲ့ကြပါတယ်။

အခင်းဖြစ်ပွားခဲ့ရာ Blk 279 ၏ ၅ လွှာတွင် နေထိုင်သော အသက် ၄၂ နှစ်အရွယ် Mr Din ရဲ့  ပြောကြားချက်အရ ည ၇ နာရီ ၄၅ မနစ်ခန့်တွင် ၀ုန်းဆိုတဲ့ အသံကျယ်ကြီး ကြားခဲ့ရကြောင်း၊ ဒါပေမယ့် ဘာဖြစ်သွားခဲ့တယ်ဆိုတာတော့ တိတိပပ မသိလိုက်ကြောင်း သိရပါတယ်။

"၀ုန်းဆိုတဲ့အသံကျယ်ကြီးကြားလိုက်ရတယ်ဗျာ။ ကြမ်းပြင်ပေါ် တစ်ခုခုပြုတ်ကျလာတဲ့အသံပဲဗျ။ အသံကတော့ တော်တော်ကိုကျယ်တယ်။ အစပထမတော့ ကျွန်တော်လည်း အိမ်နီးနားချင်းတွေ ပစ္စည်းတစ်ခုခု ရွှေ့နေတယ်လို့ ထင်ခဲ့မိတယ်ဗျာ" လို့ Mr Din က သတင်းထောက်များကို ပြောပါတယ်။

အဆိုပါ ဇူလိုင်လ ၉ ရက် နံနက်ပိုင်းမှာပဲ စင်္ကာပူနိုင်ငံ Gaylang အရပ်က Geylang Lorong 23 လမ်းပေါ်မှာ အသက် ၅၂ အရွယ်ရှိ အမျိုးသားတစ်ဦး အသတ်ခံခဲ့ရပါသေးတယ်။ စင်္ကာပူရဲဌာနကတော့ သွေးရိုးသားရိုးသေဆုံးမှုမဟုတ်တဲ့ အဆိုပါ လူသေမှုဖြစ်စဉ်အတွက် ဆက်လက်ပြီးစုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

Ref: CNA
စလုံး Page
www.facebook.com/SaloneCollection
စင်္ကာပူနိုင်ငံတွင် ၂၄ နာရီအတွင်း လူသတ်မှု ၂ မှုဖြစ်ပွားခဲ့  စင်္ကာပူနိုင်ငံတွင် ၂၄ နာရီအတွင်း လူသတ်မှု ၂ မှုဖြစ်ပွားခဲ့ Reviewed by THITHTOOLWIN on 12:39 Rating: 5
Powered by Blogger.