နေအိမ်အတွင်း သို့ (၂၂) ဘီးကား ၀င်တိုက်


ဇူလိုင်(၂၇) ရက် နေ့လည် (၁) နာရီခွဲခန့်က ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မြို့မရဲစခန်း ရဲ့ အနောက်ဘက်(၂) ဖာလုံ ခန့်အကွာ ရန်ကုန် - မန္တလေး လမ်းဟောင်း မိုင်တိုင် အမှတ် ၁၁၅/၁ နဲ့ ၁၁၅/၂ အကြား ကျောက်တံခါးမြို့ စာတိုက်ရပ်ကွက် ဒဂုံရွှေမန်းလမ်းဘေး၊ အိမ်အမှတ် စတ/၄၇ အတွင်းကို (၂၂) ဘီး တွဲယာဉ် ဝင်ရောက်တိုက်မှု့ဖြစ်ပွား ခဲ့ပါတယ်။


ဖြစ်စဉ်မှာ ရန်ကုန် မှ မန္တလေးကို သကြား အိပ် (၆၆၀) တင်ဆောင်လာတဲ့ ယာဉ်အမှတ် 1C/1015 နီဆန်း ဒီဇယ်ဖြူပြာရောင် (၂၂) ဘီးကားမှာ လမ်းဘေးမှာ ရပ်တန့်ထားပြီး ကားဘီးကို လေဖြည့်နေခဲ့တယ်လို့ သိရပါတယ်။ ထို့နောက် ဂီယာဝင်ပြီး အရှေ့ကို လိမ့်ကာ နေအိမ်ကို အခုလို ဝင်ရောက် တိုက်မိခဲ့တယ်လို့ သိရပါတယ်။

နေအိမ် အောက်ထပ် ရှေ့မျက်နှာစာ ၉ပေခန်း၊ အိမ်သုံးမီတာ၊ ကျားစီးစက်ဘီး တစ်စီး၊ ဆိုင်ကယ် CZM (110) အပြာရောင်တစ်စီး တို့ ပျက်စီးခဲ့ပြီး ကားမှာ ဦးခေါင်းပိုင်း ပိန်ချိုင့်ပျက်စီး ခဲ့ပါတယ် ။ ဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ဘူးလို့ သိရပါတယ်။ နေအိမ်ပိုင်ရှင်မှာ ဦးလှတင် (၅၉) နှစ် ဖြစ်ပြီး မောင်းနှင်သူမှာ သန့်ဇင်ဦး (၂၉) နှစ် ဖြစ်ပါတယ် ။

ဖြစ်စဉ် နဲ့ ပတ်သက်ပြီး ကျောက်တံခါးမြို့မ ရဲစခန်းက တာဝန်ကျ ရဲအုပ်ကျော်သူထက် က စစ်ဆေးဆောင်ရွက်ကာ ယာဉ် ပေါ့ဆစွာမောင်းနှင်သူယာဉ်မောင်းသန့်ဇင်ဦးကို ယာဉ်(ပ)၃၁/၂၀၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၂၇၉) အရ အမှု့ဖွင့် အရေးယူဆောင်ရွက်ထား တယ်လို့ သိရပါတယ် ။

သတင်းထောက်။  ။  ခင်ကို(ကျောက်တံခါး)
5 Plus News
https://www.facebook.com/5plusnews
နေအိမ်အတွင်း သို့ (၂၂) ဘီးကား ၀င်တိုက်  နေအိမ်အတွင်း သို့ (၂၂) ဘီးကား ၀င်တိုက် Reviewed by THITHTOOLWIN on 18:20 Rating: 5
Powered by Blogger.