တိုကျို ဇူလိုင် ၉
ဂျပန်နိုင်ငံတစ်ဝန်းတွင် အပူချိန်များ မြင့်တက်လာခြင်းကြောင့် ဇူလိုင် ၇ ရက်က အပူရှပ်ခြင်း သို့မဟုတ် အပူကြောင့် ပင်ပန်းနွမ်းနယ်ခြင်းကြောင့် လူသုံးဦး သေဆုံးပြီး လူပေါင်း ၄၉ဝ ခန့်ကို ဆေးရုံသို့တင်ပို့ပေးခဲ့ရကြောင်း ကျိုဒိုသတင်းတွင် ဖော်ပြသည်။
ဂျပန်နိုင်ငံတစ်ဝန်းလုံးတွင် မိုးလေဝသအေဂျင်စီက တိုင်းတာရေးစခန်း ၉ဝ၂ ခု ဖြန့်ကြက်ထားရာ စခန်းပေါင်း ၄ဝဝ ကျော်တွင် အပူချိန် ၃ဝ ဒီဂရီစင်တီဂရိတ်ထက်မနည်း မှတ်တမ်းရယူခဲ့ပြီး ဒေသ ၅၁ ခုတွင် အပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ်ထိ အပူချိန်မြင့်တက်ခဲ့သည်။
ဂျပန်နိုင်ငံအရှေ့ပိုင်း ယာမာနာရှီပြည်နယ်၏ မြို့တော် ကိုရှုတွင် အပူချိန် ၃၈ ဒသမ ၈ ဒီဂရီ စင်တီ ဂရိတ်ရှိပြီး ဂျပန်နိုင်ငံအလယ်ပိုင်း ကာဝါနီဟွန်ချိုနှင့် ရှီဇူကာပြည်နယ်များတွင် အပူချိန် ၃၈ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်ထိ မြင့်တက်ခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။
ဖိအားမြင့်မားသော စနစ်တစ်ခုက ပင်လယ်ပြင်အတွင်း ကျွန်းစုများအဖြစ်တည်ရှိနေသော ဂျပန်နိုင်ငံကို ဖုံးလွှမ်းထားခြင်းမှ ကျယ်ပြန့်သောလေပူထုကို ဖြစ်ပေါ်စေပြီး ယင်းလေထုသည် ဂျပန်ကျွန်းစုတစ်ခုလုံးကို ဖုံးအုပ်ထားကြောင်း ဂျပန် မိုးလေဝသအေဂျင်စီက ပြောကြားသည်။
ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဂျပန်နိုင်ငံတွင် အပူလှိုင်းကျရောက် သုံးဦးသေဆုံးပြီး လူ ၄၉ဝ ခန့်ဆေးရုံတင်ပို့
Reviewed by THITHTOOLWIN
on
07:23
Rating:
