၁၂ ဘီးကားကို ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ တစ်ဦးသေဆုံး

မွန်ပြည်နယ်၊ သထုံမြို့၊ မီးပွိုင့်လမ်းဆုံတွင် ဇူလိုင် ၄ ရက်၊ နံနက်ပိုင်းက လူသုံးဦးစီးလာသည့် ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ ၁၂ ဘီးကားအားဝင်ရောက်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
"မှားတာကတော့ ဆိုင်ကယ်သမားဖက်ကမှားတာပါ။ ကားကကွေ့နေတာ လမ်းကျော်နေပြီ။ ဒါကို အရှိန်မထိန်း နိုင်ဘဲ ဝင်တိုက်တာပါ။ ဆိုင်ကယ်မောင်းသူကတော့ ဖြစ်တဲ့နေရာမှာပဲဆုံးသွားတယ်။ ကျန်နှစ်ယောက်ကိုတော့ ဆေးရုံပို့ပြီး ဆေးကုသမှုခံယူနေပါတယ်။''ဟု သထုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 ဖြစ်စဉ်တွင် သထုံဘက်မှ ဘီးလင်းဘက်သို့ ဖိုးမကွေး(ခ)သက်မင်းခန့် ၁၉ နှစ်မောင်းနှင်ပြီး အလယ်မှ စောသူ ၁၆ နှစ်၊ အနောက်မှ ဟိန်းဦး ၁၄ နှစ်လိုက်ပါလာသော Dream 125 အမဲရောင်ဆိုင်ကယ်သည် မီးပွိုင့်လမ်းဆုံ အရောက် အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

 ဆိုင်ကယ်သည် ဘီးလင်းဘက်မှ ဘားအံဘက်သို့ခေါင်းလှည့်နေသော ယာဉ်မောင်းအေးမင်းသူ မောင်းနှင်လာ သည့် ၁၂ ဘီးယာဉ်အား ဝင်ရောက်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူ ဖိုးမကွေး(ခ)သက်မင်းခန့်မှာ အခင်း ဖြစ်ပွားရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး နောက်မှလိုက်ပါလာသူများမှာ ဒဏ်ရာများရရှိသဖြင့် သထုံခရိုင်ပြည်သူ့ ဆေးရုံသို့ တင်ပို့ထားကြောင်း ရဲမှတ်တမ်းအရသိရသည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ နှစ်ဖက်ယာဉ်မောင်းများဖြစ်သော ဖိုးမကွေးနှင့် အေးမင်းသူတို့နှစ်ဦးလုံးအား သထုံမြို့မ ရဲစခန်းမှ ယာဉ် (ပ) ၄၂/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၀၄-က အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
၁၂ ဘီးကားကို ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ တစ်ဦးသေဆုံး ၁၂ ဘီးကားကို ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 07:38 Rating: 5
Powered by Blogger.