ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်တွင် သြဂုတ် ၃ ရက်မှ သြဂုတ် ၅ ရက်အထိ ရေပြတ်တောက်မည်

ဓာတ်ပုံ-www.nytimes.com
ရန်ကုန် ဇူလိုင် ၃၁

ငမိုးရိမ်ရေပေးဝေရေးမှ ရေပိုက်လိုင်းများပြုပြင်ရန်ရှိသည့်အတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်တွင်ရေပြတ်တောက်ခြင်းနှင့် ရေအားနည်းခြင်း တို့ဖြစ်ပေါ်မည်ဟု ရန်ကုန်မြို့တော်စည်ပင် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းရေး)မှသိရသည်။ "သြဂုတ် ၃ ရက်နေ့ ညနေ ၅ နာရီမှ သြဂုတ် ၅ ရက်နေ့ ညနေ ၆ နာရီ အထိ ၃ ရက်တာ ရေပြတ်တောက်တာတို့ ရေအားနည်းတာတို့ဖြစ်ပါမယ်။ ရေပိုက်လိုင်းကိုလည်း အမြန် ဆုံးပြုပြင်ဆောင်ရွက်သွားမှာပါ"ဟု မြို့တော်စည်ပင် ရေနှင့်သန့်ရှင်းရေးဌာန မှ တာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင် (ရေနှင့်သန့်ရှင်းရေးဌာန)၏ ထုတ်ပြန်ချက်တွင်မင်္ဂလာဒုံမြို့နယ် ၊ မြောက်ဥက္ကလာပ ၊တောင်ဥက္ကလာပ၊ ဒဂုံမြို့သစ် (တောင်ပိုင်းနှင့်မြောက်ပိုင်း) ဒဂုံဆိပ်ကမ်းမြို့နယ် ဒဂုံမြို့သစ်(အရှေ့ပိုင်း) ၊မင်္ဂလာတောင်ညွှန့် ၊တာမွေ ၊သင်္ဃန်းကျွန်း နှင့်သာကေတ မြို့နယ် များတွင် ခေတ္တရေပြတ်တောက်မည်ဖြစ်ပြီး သောက်သုံးရေမပြတ်တောက်စေရေးအတွက် ကြိုတင်စုဆောင်း ထားရှိရန်ကိုလည်း အဆိုပါဌာန က ထုတ်ပြန်ကြေညာထားသည်။ "ရေပုံမှန်လာရင်တော့ကောင်းတာပေါ့။အခုလိုရေပြတ်တောက်မယ်ဆိုတော့ ပိုပြီးစိုးရိမ်ရ ပါတယ်။နဂိုတည်းက ရေက ရက်ခြားပဲလာတာရှိတယ်။ရေပြတ်တဲ့ အခါတွေမှာ ရေတစ်စည်ရှိ ပိုက်ဆံ ၂၅၀၀ ၃၀၀၀ ပေးပြီးဝယ်သုံးရတာတွေရှိပါတယ်။ ရေလေးပုံမှန်လာရင်တော့ကောင်း တာပေါ့။ ခုလို ရက်ခြားမှရေပေးဝေတယ် ဒီကြားထဲ ရေပြတ်တောက်တာတွေဖြစ်မယ်ဆိုတဲ့အတွက် အခက် အခဲတွေအများကြီးရှိနိုင်ပါတယ်"ဟု ဒဂုံဆိပ်ကမ်းမြို့နယ် တွင်နေထိုင်သူတစ်ဦးက China.com myanmar သို့ပြောကြားခဲ့သည်။

ကောင်းထက်
china.com Myanmar
https://www.facebook.com/china.com.mm
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်တွင် သြဂုတ် ၃ ရက်မှ သြဂုတ် ၅ ရက်အထိ ရေပြတ်တောက်မည်  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်တွင် သြဂုတ် ၃ ရက်မှ သြဂုတ် ၅ ရက်အထိ ရေပြတ်တောက်မည် Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.