ပြည်မြို့ပေါ် ၁၀ ရပ်ကွက်မှာ ဈေးဆိုင်တချို့ကို ယာယီပိတ်သိမ်းဖို့ ညွှန်ကြား

Photo: Internet ( ပြည်မြို့က လက်သုပ်စုံဆိုင်ကို တွေ့ရစဉ် )
ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ကူးစက်မြန်တဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ ၁၀၀ နီးပါး ရှိလာတာကြောင့် မြို့တွင်း ရပ်ကွက် ၁၀ ခုက မုန့်ဟင်းခါးဆိုင် ၊ အသုတ်ဆိုင်၊ ၀က်သား တုတ်ထိုးဆိုင်နဲ့ ၀မ်းပျက်ဝမ်းနူးစေတဲ့ အစားအစာအရောင်းဆိုင်တွေကို ယာယီပိတ်သိမ်းဖို့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ညွှန်ကြားလိုက်ပါတယ်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ဖျက်ဖို့အတွက် အဓိကကျတဲ့ ယင်အန္တရာယ်ကာကွယ် နိုင်ဖို့ ကြေငြာချက် ထုတ်လိုက်တာလို့ ပြည်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်စိုးစိုးကြည်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ကစပြီး ပြည်မြို့က ရက်ကွက်တွေထဲ ရေ၀င်ရောက်ခဲ့ရာကနေ ရေပြန်မကျသေးတာဖြစ်ပြီး ရေကြီးတဲ့ နောက်ဆက်တွဲအနေနဲ့ ဇူလိုင်လ ၁၁ ရက်နေ့ကစတင်ပြီး ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလာတာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ရောဂါဖြစ်ပွားသူ ၉၈ ဦးထိရှိလာပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေါက်တာ ခင်စိုးစိုးကြည်က ပြောပါတယ်။

ပြည်ခရိုင် မြို့နယ် ၆ ခုထဲက သဲကုန်းမြို့နယ်ကလွဲရင် ကျန်တဲ့ ၅ မြို့နယ်မှာ ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေတာဖြစ်ပြီး ပြည်မြို့က အဆိုးဆုံးဖြစ်တယ်လို့လည်း ပြောပါတယ်။

ရောဂါဖြစ်ပွားတဲ့နေရာတွေမှာ ၂၄ နာရီဆေးခန်းတွေဖွင့်လှစ်ပေးထားပြီး၊ ကျန်းမာရေး ပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ပြည်မြို့ပေါ် ၁၀ ရပ်ကွက်မှာ ဈေးဆိုင်တချို့ကို ယာယီပိတ်သိမ်းဖို့ ညွှန်ကြား ပြည်မြို့ပေါ် ၁၀ ရပ်ကွက်မှာ ဈေးဆိုင်တချို့ကို ယာယီပိတ်သိမ်းဖို့ ညွှန်ကြား Reviewed by THITHTOOLWIN on 17:57 Rating: 5
Powered by Blogger.